Latest News

Friday, February 10, 2017

ဇာတ်ကားရိုက်ရန် စီစဉ်နေတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်း

ဇာတ်ကားရိုက်ရန် စီစဉ်နေတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်း

ဝတ်မှုံရွှေရည်ထံမှ လျော်ကြေးရယူထားခြင်းမရှိ ၊ လိင်ခွဲစိတ်ပြု ပြင်ပြီး ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားရိုက်ရန် စီစဉ်နေသည်ဟု ဂေးအလှမယ် မျိုးကိုကိုစန်း ပြော

ဝတ်မှုံရွှေရည်က တရာလိုပြုတိုင်ကြားချက်အရ Cele Cele small page နှင့်ပါဝင်ပတ်သက်သူဟူ၍ ဖမ်းဆီးစစ် ဆေးချုပ်နှောင်ခံခဲ့ရမူကြောင့် ပရိတ်သတ်စိတ်ဝင်စားမူ များစွာခံခဲ့ရသော Gayအလှမယ်မျိုးကိုကိုစန်းက အမျိုးသမီးဖြစ်လာစေရန် လိင်ခွဲစိတ်ပြုပြင်ပြောင်းလဲရန်စီစဉ်နေသကဲ့သို့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားများရိုက်ကူးရန်စီစဉ်နေကြောင်း အကုန်သိသတင်းဌာနကိုပြောကြားသည်။

လိင်ခွဲစိတ်ပြုပြင်ပြောင်းလဲရန်အတွက် တစ်နှစ်ကျော် နှစ်နှစ်နီးပါးအချိန်ယူရမည်ဖြစ်ကြောင်း ခွဲစိတ်ပြုပြင်မူကိုသေချာစွာပြုလုပ်သွားမည်ဖြစ်ကြောင်း Gay အလှမယ် မျိုးကိုကိုစန်းက ပြောသည်။

” ညီမကိုအရင်က ခေါင်းဆောင်မင်းသမီးအနေနဲ့သရုပ်ဆောင်လုပ်ဖို့ကမ်းလှမ်းထားတာ ညီမဖျက်လိုက်တယ် ။ အခုထုတ်လုပ်ရေးတစ်ခုကလည်း သရုပ်ဆောင်ဖို့ကမ်းလှမ်းထားတာရှိတယ် ။ သေချာရင်တော့ပြန်ပြောပါမယ်။ ညီမလိင်ခွဲစိတ်ပြုပြင်ဖို့လည်းစီစဉ်နေတယ်။

အချိန်ကတော့ယူရမယ် ။ ခွဲစိတ်ဖို့အတွက်ဆေးတွေသေချာသောက်ရမယ် ပြီးမှခွဲစိတ်ပြုပြင်မယ်။လိင်ခွဲစိတ်ပြုပြင်မှာက သေချာပါတယ်။ နောက်ပြီး ညီမအမှုနဲ့ပတ်သက်ပြီး ညီမဘက်က တစ်ပတ်အတွင်းလုပ်ဆောင်သွားမယ်ဆိုတာက ညီမ သဘောထားမဟုတ်ဘူး။ ညီမ မိဘရဲ့သဘောထားပါ။ ပြန်တောင်းပန်စေချင်တဲ့သဘောနဲ့ပြောတာပါ။ ဒါပေမယ့် ညီမ အနေနဲ့ကလည်း တောင်းပန်သည်ဖြစ်စေ၊ မတောင်းပန်သည်ဖြစ်စေ ညီမအတွက်က အဲဒီလောက်အရေးမကြီးဘူး ။
အေးအေးဆေးဆေးဘဲ ပြီးသွားချင်တယ်။

အဓိက ညီမအပေါ်သူတို့မတရားတာမလုပ်ခဲ့ဘူးလို့ သူတို့လိပ်ပြာလုံနေရင်ရပြီ။ ကျန်တာတော့သိပ်မပြောချင်ဘူး။ အပြစ်ရှိရင် ကံတရားက အပြစ်ပေးသွားလိမ့်မယ်ဟု မျိုးကိုကိုစန်းကပြောသည်။

သို့ အတွက် Cele Cele Pages ကိစ္စကြောင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသော မတရားမှုအတွက် တစ်ပတ်ကြာပါက အဖြေပေးမည်ဟု သတင်းစာရှင်းလင်းပွဲ၌ ၄င်းပြောကြားခဲ့သော စကားမှာ ၁၅ ရက်ခန့် ရှိလာချိန်တွင် အပြီးသတ်သွားခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။ တစ်ချိန်တည်းမှာပင် ယခုရက်ပိုင်း၌ သတင်းတစ်ခုထွက်လာခဲ့သည်မှာ ၀တ်မှုန်ရွှေရည်နှင့် မျိုးကိုကိုစန်းတို့ စားသောက်ဆိုင်တစ်ခုတွင် အတူရှိခဲ့ကြပြီး ၀တ်မှုန်ရွှေရည်က ငွေပေးခဲ့သည်ဟုသော ကိစ္စဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မျိုးကိုကိုစန်းက ဝတ်မှုံရွှေရည်က လျော်ကြေးပေးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ အောင်မြင်မူနဲ့ပရိတ်သတ်တွေရဲ့မေတ္တာတရားက ငွေနဲ့လည်းဝယ်မရဘူး။ ညီမကိုမေတ္တာထားတဲ့ပရိတ်သတ်တွေရဲ့ မေတ္တာကိုတော့ ငွေကြေးနဲ့ရောင်းစားရတဲ့အထိ ညီမဘက်က အသိဥာဏ်မမဲ့သေးဘူး။ ညီမဘယ်သူနဲ့မှလည်းမတွေ့ဘူး။ ကိုယ့်အလုပ်ကိုဘဲကိုယ်လုပ်တယ်။ ဝတ်မှုံရွှေရည်ကလည်း
ညီမကို တွေ့စရာမလိုသလို ညီမကလည်းတွေ့စရာမရှိဘူး။ အေးဆေးစွာပဲနေတယ် ” ဟု အကုန်သိသတင်းဌာနကို ပြောကြားသည်။

ဓါတ်ပုံ - မျိုးကိုကိုစန်း ဖေ့ဘွတ်

Sources : The Melting Pot 4 U : Lwin Pyin

No comments:

Post a Comment