Latest News

Friday, February 10, 2017

နယူးဇီလန် မှာ ဝေလ ငါး ၄၀၀ ကျော်သောင်တင်နေ


နယူးဇီလန် ဟာ ဝေလ ငါး ပေါင်း ၄၀၀ ကျော် သောင်တင် နေပြီး အသက်ရှင်ဖို့ ကြိုးပမ်း နေရတယ်လို့ နယူးဇီလန် ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။
နယူးဇီလန်နိုင်ငံ တောင်ပိုင်းမှာ ဝေလငါးတွေသောင်တင်နေခဲ့တာဖြစ်ပြီး ဘာကြောင့် ငါးတွေသောင်တင်ရတာလဲဆိုတာ မသိရသေးဘူးလို့ နယူးဇီလန် သိပ္ပံ ပညာရှင်တွေကပြောပါတယ်။
 အခုအချိန် အထိ သောင်တင်နေတဲ့ ဝေလငါးတွေထဲ့ က အကောင် ၃၀၀ ကျော်သေဆုံးသွားပြီး ကျန်နေတဲ့ ဝေလ ငါးတွေကိုအသက်ရှင်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေက ကြိုးပမ်းနေပါတယ်။
အခုသောင်တင်မှု ဟာ ဝေလငါးတွေ သောင်တင်မှုတွေထဲမှာအဆိုးရွားဆုံးဖြစ်ပါတယ်။ ဝေလ ငါးတွေ ဟာများသောအားဖြင့် ဒဏ်ရာရမှု ၊ နေမကောင်းဖြစ်မှသာသောင်တင်လေ့ ရှိတာလို့ ဒေသခံတွေကပြောပါတယ်။
နယူးဇီလန်သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာနက ဝေလငါးတွေကို ကယ်တင်မှုတွေ ပြုလုပ်နေပေမယ့် ညအမှောင်မှာ ကယ်တင်ဖို့ လုပ်ရတာ ဟာအလွန်အန္တာရယ်များတယ်လို့ပြောပါတယ်။
 ဝေလငါးပေါင်း ၄၁၆ ကောင်သောင်တင်နေခဲ့တာဖြစ်ပြီး အသက်ရှင်နေသေးတဲ့ ဝေလငါးများကို ပြုစုကုသတာတွေလုပ်နေတယ်လို့ ပြောပါတယ်။
 ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment