Latest News

Friday, February 10, 2017

မလေးရှားရောက် မြန်မာများ အသတ်ခံရမှုနှင့် ပတ်သက်၍ ထိန်းသိမ်း ခံမြန်မာခြောက်ဦးကို နိုင်ငံသို့ပြန်ပို့

မလေးရှားရောက် မြန်မာများ အသတ်ခံရမှုနှင့် ပတ်သက်၍ ထိန်းသိမ်း

ခံမြန်မာခြောက်ဦးကို နိုင်ငံသို့ပြန်ပို့


မလေးရှားနိုင်ငံ ဆာဒန်း ဒေသ၌ မြန်မာလုပ်သားငါးဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံထားရသူ ၁၀ ဦးအနက် ခြောက်ဦးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန် ပို့ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာလုပ်သားငါးဦး အ သတ်ခံရမှုကြောင့် စစ်ဆေးမေးမြန်းရန် မလေးရှားရဲတပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းခံရသူ ခြောက်ဦးအနက် နှစ်ဦးနှင့် မြန်မာသံရုံးတွင် ခေါ်ယူထိန်းသိမ်းထားသည့် လေးဦး စုစုပေါင်းမြန်မာလုပ်သား ခြောက်ဦးကို ဖေဖော်ဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီ ၁၀ ရက်တွင် သတင်း ထုတ်ပြန်သည်။

ထို့အပြင် တရားဥပဒေနှင့် အညီ အမှုမှန်ပေါ်ပေါက်ရေးနှင့် ကျူးလွန်သည့် တရားခံများ ဖမ်း ဆီးရမိရေး မလေးရှားရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

‘‘ရဲစခန်းက ထိန်းသိမ်းခံရ တာက ခြောက်ဦးပေါ့။ အဲဒီထဲက သုံးဦးက တရားဝင်လာရောက်တဲ့ သူတွေဖြစ်တယ်။ အခု ပြန်ပို့တာ က အဲဒီခြောက်ယောက်ထဲက နှစ် ယောက်ရယ်၊ အမှုဖြစ်ပြီးတော့ လုံခြုံရေးအရ သံရုံးက ခေါ်ယူ ထိန်းသိမ်းထားတဲ့ လေးဦးရယ် စုစုပေါင်းခြောက်ဦး ပြန်ပို့ပေး တာပါ’’ ဟု မလေးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မလေးရှားရဲတပ်ဖွဲ့က ခေါ် ယူထိန်းသိမ်းထားသည့် ခြောက် ဦးအနက် သုံးဦးသည် တရားမ ဝင် လာရောက်သူများဖြစ်ခြင်း ကြောင့် မလေးရှားလဝကဥပဒေ ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

မြန်မာသံရုံးက ခေါ်ယူထိန်း သိမ်းထားသော လေးဦးမှာလည်း တရားဝင် လာရောက်သူများဖြစ် ကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက် ညတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆဒန်းဒေသ၌ လျှပ်စစ်အပိုပစ္စည်း ထုတ်လုပ်သည့်စက်ရုံတွင် အချိန် ပို အလုပ်ဆင်းရာမှ ပြန်လာသော မြန်မာလုပ်သား ၁၅ ဦးကို မလေး ရှားနိုင်ငံသားဟု ယူဆရသော မျက်နှာဖုံးစွပ် ၁၀ ဦးခန့်က ဓား ဖြင့် လာရောက်တိုက်ခိုက်ရာ မြန် မာလုပ်သားငါးဦး သေဆုံးပြီး နှစ် ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာလုပ်သားငါးဦး သတ် ဖြတ်ခံရမှုနှင့်ပတ်သက်၍ သံသ ယရှိသူ မလေးရှားနိုင်ငံသား ၂၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က ဖမ်း ဆီးထားသည်။



Sources : 7Day News Journal

No comments:

Post a Comment