Latest News

Tuesday, February 28, 2017

ဇေယျာဖြိုး အောင်ဝင်းခိုင်တိုနဲ့ ရင်းနှီးတဲ့ လွှတ်တော်အမတ်လင်းဇော်ထွန်းရဲ့ ပြောကြားချက်များ

ဇေယျာဖြိုး အောင်ဝင်းခိုင်တိုနဲ့ ရင်းနှီးတဲ့ လွှတ်တော်အမတ်လင်းဇော်ထွန်းရဲ့ ပြောကြားချက်များ


ဦးကိုနီလုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်သူတွေ ဖြစ်တဲ့ ဇေယျာဖြိုးဟာ စစ်တက္ကသိုလ်အပတ်စဉ်(၃၈) နဲ့ အောင်ဝင်းခိုင်ဟာ စစ်တက္ကသိုလ်အပတ်စဉ် (၃၆) တက်ရောက်ခဲ့သူများဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၃၆)မှာပဲ တက်ရောက်ခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းကို ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး မီဒီယာတွေရဲ့ မေးမြန်းချက်တွေအပေါ် ဦးလင်းဇော်ထွန်းရဲ့ ပြန်လည်ဖြေကြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လုပ်ကြံမှုဖြစ်စဉ်မှာ ပါဝင်တဲ့သူ တွေက သူငယ်ချင်းတွေဖြစ်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းပြ ပေးပါ။

တစ်ပတ်စဉ်တည်း သူငယ် ချင်းတွေဖြစ်တဲ့အတွက် ခင်မင် တာ၊ ရင်းနှီးတာရှိတယ်။ လက် ဖက်ရည်ဆိုင်ထိုင်တာဆိုတာ လည်း အတူတူထိုင်ကြတာ။ ဒါနဲ့ ပတ်သက်ပြီးထွက်လာတဲ့ ကော လာဟလနဲ့ပတ်သက်ပြီးတော့ လည်း ပြည်ထဲရေးဝန်ကြီးဌာနက လည်း ကိုယ့်ကိုခေါ်မေးပြီးသွား ပြီ။ ခေါ်မေးတဲ့အချိန်မှာလည်း ကိုယ်က သူတို့မေးတဲ့အတိုင်း သူတို့မေးတဲ့မေးခွန်းတွေ၊ သူတို့ မေးလာတဲ့အချက်တွေ အကုန် လုံး ကိုယ်သိသမျှ အကုန်ဖြေခဲ့ တယ်။ အခု သတင်းစာရှင်းလင်း ပွဲလုပ်တဲ့အချိန်မှာ ဒါပတ်သက်မှု မရှိဘူးဆိုတာကို ပြည်ထဲရေးဝန် ကြီးဌာနက ပြောတာဖြစ်တဲ့ အတွက် ကိုယ့်အနေနဲ့ ဘာမှပြော စရာမရှိပါဘူး။ သတင်းစာရှင်းလင်း ပွဲမှာ ရဲချုပ် ကြီးပြောသွားတာက လက်ဖက် ရည်ဆိုင်ထိုင်တော့ ဇေယျာဖြိုး နဲ့ ဟိုတစ်ယောက်(အောင်ဝင်းခိုင်) က ဦးကိုနီကို သတ်ဖို့ကိစ္စ တိုင် ပင်ကြတယ်လို့ပြောတယ်။ စစ်ကြောရေးသဘော တရားမှာရှိတယ်။ ဟိုဘက်က ကျန်တဲ့သူတွေကို ဘယ်လိုစစ် ထားလဲ ကိုယ်လည်းမသိဘူး။ ကိုယ့်ကိုလည်း ပြည်ထဲရေးကနေ ခေါ်ပြီးမေးတဲ့ဟာကို သူတို့မေးတဲ့ ဟာတွေ ကိုယ်သိသမျှ အကုန် ဖြေခဲ့တာ။ ဖြေခဲ့ပြီးတော့မှ ဒီဟာက ဆက်စပ်မှုမရှိဘူးလို့ ဒါ သူတို့ သုံးသပ်တဲ့အတွက် အစ်ကို့ကို ဆက်စပ်မှုမရှိဘူးလို့ သူတို့ပြော တာပဲဖြစ်တယ်။ ကိုယ်ကတော့ ရိုးရိုးသားသား ရှင်းရှင်းပဲ။ ကိုယ့် ကိုပြောတယ်။ ဓာတ်ပုံတွေ ဖျက်လိုက်တို့ဘာတို့ ဝိုင်းပြောကြတယ်။ ကျွန်တော်က ရိုးရိုးသား သားတင်ထားတာဖြစ်တဲ့အတွက် မဖျက်ဘူးလို့ ပြောခဲ့တယ်။ ကော လာဟလထွက်လာတဲ့ သဘော က BBC ကနေပြီးတော့ ကိုယ့်ကို အင်တာဗျူးလုပ်တယ်။ အင်တာဗျူးလုပ်တော့ အပတ်စဉ် (၃၆) ကလားဆိုပြီးတော့၊ဟုတ်ပါတယ် ဆိုတဲ့အချိန်မှာ သူတို့မေးတယ် နှစ်ခါပြန်မေးတယ်။ ဒုတိယတစ် ခေါက်မေးလို့ ကိုယ်က ရှင်းပြ တယ်။ ရှင်းပြပြီးတော့မှ ဒီဟာကို ထုတ်လွှင့်တဲ့အခါကျတော့ ကိုယ် ပြောတဲ့အတိုင်းတော့ လွှင့်ပါရဲ့။ နောက်မှာ အရင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးနဲ့ အခုလက်ရှိ တာဝန်ထမ်းဆောင်တဲ့ ရာထူးကို ပူးတွဲပြီးတော့ သူတို့က High Light လုပ်ပြီး ဖော်ပြလိုက်တယ်။ ကိုယ့်ကိုလည်း ပြည်ထဲရေးက မေးတယ်။ ကိုယ်ပြောပြလိုက် တယ်။ နောက် ဓာတ်ပုံတွေကိစ္စ မေးတယ်။ ဒီဟောင်ကောင်သွား တဲ့ကိစ္စမေးတယ်။ ဟောင်ကောင် သွားတာလည်း ကိုယ့်ကလေး စာမေးပွဲဖြေလို့ လိုက်သွားတာ။ မိဘတွေပါ ဖိတ်တဲ့အတွက် လိုက်သွားတယ်၊ ဆုယူတယ်၊သွားတယ်။ သွားတဲ့အချိန်မှာ လေဆိပ် မှာတွေ့လို့ အားရဝမ်းသာနဲ့ ဓာတ်ပုံရိုက်လာတယ်။ ဒီဟာပဲရှိတယ်။ ကိုယ်က အဲဒီအတိုင်း ကိုယ်ရှင်းပြလိုက်တယ်။ နှစ်ခါ မေးတယ်။ နှစ်ရက်ပေါ့။ ပထမ တစ်ရက်မေးတယ်။ ဒုတိယတစ် ရက်မေးတယ်။ မေးပြီးတဲ့အချိန် မှာ ပြန်ပြီးဘာမှလည်းခေါ်မမေး တော့ဘူး။ မမေးတဲ့အတွက်ကိုယ် ကတော့ ကိုယ့်ဟာကိုယ် စိတ် ရှင်းရှင်းနဲ့ပဲနေတယ်။ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ် မအားပါ ဘူး။ MBA တက်တာနဲ့ ဘာနဲ့ ဒီလိုမျိုးသွားနေတာ။ အဲဒီတော့ နောက်တစ်ခု ထပ်ပြောချင်တာ က ဒီကောလာဟလထွက်တယ်။ ဓာတ်ပုံတွေနဲ့ ကိုယ့်ရဲ့ မိသားစုပုံ တွေနဲ့ ဘာတွေနဲ့ တင်တာရှိတယ်။ အဲဒါကတော့ ကိုယ့်ရဲ့နိုင်ငံသား အခွင့်အရေးနဲ့ ကိုယ့်မှာ ဥပဒေ အရ အကာအကွယ်ရှိတယ်။ အဲဒီ တော့ နောက်ကျလို့ရှိရင် ဒီလို ဟာမျိုးတွေ ကိုယ်က ကိုယ် ဒီအ တိုင်းဆက်ပြီးတော့နေမှာ မဟုတ်တော့ဘူး။ ဥပဒေအရ ဆက်ပြီး တော့ ဆောင်ရွက်သွားမယ်။
play




ဆရာဦးကိုနီအပေါ် သဘောထား နဲ့ ဆရာဦးကိုနီ အခုလိုဖြစ်တဲ့ အပေါ် အစ်ကို့သဘောထားကို ပြောပြပေးပါ။

ဆရာဦးကိုနီက လူတော် တစ်ယောက်။ ဥပဒေနဲ့လည်း တော်တော်နှံ့နှံ့စပ်စပ် ကျွမ်းကျွမ်း ကျင်ကျင် ရှိတယ်။ သူရေးတဲ့ စာအုပ်တွေလည်း ကိုယ်ဖတ်ဖူး တယ်။ နှစ်ခါသုံးခါ ဒီလိုမျိုး သူ ပြောတဲ့ဟာတွေ သွားပြီးတော့ နားထောင်ဖူးတယ်။ ဒီလိုမျိုးဖြစ် တဲ့ဟာလည်း ဘယ်လိုမှ မဖြစ် သင့်တဲ့ကိစ္စဖြစ်တယ်။ ကိုယ်ကိုယ်တိုင်လည်း ဒါကို စဉ်းစားလို့ မရဘူး။ သို့သော်လည်းပဲ အခုန ပြောသလို ကိုယ့်ကိုမေးတယ်။ ဒီဟာကြီးနဲ့ပတ်သက်ပြီးတော့ ဒါက သက်သက်ဆွဲပြီးတော့ဖွတာ။ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ဆက်လက်ပြီးတော့ ကိုယ်နဲ့ပတ် သက်တဲ့အဖွဲ့အစည်းတွေ၊ ပတ် သက်ခဲ့တဲ့ အဖွဲ့အစည်းတွေ လက်ရှိပတ်သက်နေတဲ့ အဖွဲ့ အစည်းတွေကို သိက္ခာကျအောင် လုပ်လာမယ်ဆို ကိုယ်က ဥပဒေအတိုင်းဆက်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲအပေါ်မှာကော ဘယ် လိုရှုမြင်လဲဗျ။

အဲဒီသတင်းစာရှင်းလင်းပွဲ က ကိုယ်ကမသိလိုက်ဘူးကွ။ ကိုယ်က အဲဒီနေ့က ဘွဲ့ယူနေတာ။ ပြန်လာပြီး ညနေကျတော့ ဒင်နာပြီးမှ ကိုယ်ကလည်းသိတာ။ အဲဒီကျမှ ကိုယ်လည်းဖတ်ကြည့် ရတယ်။ သတင်းစာရှင်းလင်းပွဲ မှာ ပြည်ထဲရေးက သူပြောသွားတာလည်း ကိုယ့်ကို စစ်တုန်းက အချက်တွေ တော်တော်များများ ပါပါတယ်။

ဒီလုပ်ကြံမှုအပေါ် ဒီလို(အစွန်း ရောက်မျိုးချစ်စိတ်ကြောင့်၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့်) သဘောထားနဲ့ ဆောင်ရွက်တယ် ဆိုတဲ့အပေါ် လက်ခံပါသလား။

ဒါကတော့ ဟိုဘက်က စစ်ကြောချက်တွေတော့ ကိုယ် မသိရဘူးလေ။ အစ်ကို လွှတ်တော်အမတ်မဟုတ်ဘူး။ သာမန် လူတစ်ယောက်အနေနဲ့ကတော့ ဒီဟာမျိုးကို တွေးတောင် မတွေးဖူးဘူးကွာ။ ကိုယ်တို့လည်း ကိုယ့်ဟာကိုယ် ကိုယ့်ကိုယ်ကျင့်သီလနဲ့ ကို နေကြတာပဲ။ ဒါမျိုးဆို တွေးတောင်မတွေးထားဘူး။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သုံးသပ်ချက်ကတော့ သူတို့စစ်ကြောချက်တွေ အခု ဖမ်းမိထားတဲ့ တရားခံတွေ ရဲ့ စစ်ကြောချက်တွေအပေါ် မူတည်ပြီးတော့ ပြောတာဖြစ်လိမ့် မယ်လို့တော့ ကိုယ်ကထင်ပါ တယ်။

ဥပဒေကြောင်းအရ တုံ့ပြန်မယ်ဆိုတာ ဘယ်လိုပုဒ်မတွေနဲ့များ အရေးယူဆောင်ရွက်ဖို့လဲ။

ကြည့်ရမှာပေါ့။ ဥပဒေအရ တော့ ရှိပါတယ်။ ၆၆ ရှိတယ်။ ဒါပေမဲ့ ကိုယ့်အပေါ်မှာ တအား ထိခိုက်လာပြီ။ ကိုယ်နဲ့ပတ်သက် တဲ့ အဖွဲ့အစည်းတွေထိခိုက်လာ ပြီဆိုရင်တော့ နိုင်ငံသားအခွင့် အရေးရှိတယ်။ နိုင်ငံသားအခွင့် အရေးတိုင်း ဆောင်ရွက်ရမှာပါ။အောင်ဝင်းခိုင်တို့၊ ဇေယျာဖြိုး တို့ရဲ့နောက်ကွယ်မှာ ရှိသေးတယ်ဆိုပြီး သို့လောသို့လော ပြောနေကြတယ်။ သူတို့နဲ့ သူ ငယ်ချင်းတွေဖြစ်နေတဲ့အခါကျ တော့ ဘယ်လိုယူဆလဲ။သူတို့က တကယ့်ကို ကမ္ဘာပတ်နေတဲ့ စီးပွားရေးသမားတွေ။ ပိုပြီးတော့ ကိုယ့်ထက်အမြင် ကျယ်တယ်။ အစ်ကိုတို့လည်း လက်ဖက်ရည်ဆိုင် သူတို့နဲ့သွားထိုင်တယ်ဆိုတာ သူတို့ဆီက နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေသိချင်တယ်။ ဝမ်းစာဖြည့်တဲ့ အနေနဲ့ သွားထိုင်တာ။ အခုတောင် လက်ဖက်ရည်ဆိုင်ထိုင်ဖို့ ငါဆင်ခြင်ရတော့မယ်။ နောက်တစ်ခါ သူတို့ရဲ့စိတ်ထဲမှာ ဘယ်လိုရှိလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးတဲ့အချိန်မှာ အဲဒါတော့ ပြောဖို့ တောင် တော်တော်ခက်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ သာမန် ဆိုရင်တော့ သူတို့သည် လူကောင်းတွေလို့ ကိုယ်က ပြောရ မယ်။ သို့သော် ဒီလိုမျိုး ပါဝင်ပတ်သက်နေတယ်လို့ ပြောတဲ့အချိန်မှာ သူတို့ကို ဘယ်လိုရှိတယ်ဆို တာ ပြောဖို့ခက်သွားတာပေါ့။

သူတို့နဲ့ နောက်ဆုံး ဘယ်အချိန် မှာ ဆုံခဲ့တာလဲ။ မှတ်မိလား။

ဆောရီးကွာ။ အဲဒါတော့ သိပ်တော့မမှတ်မိဘူး။ ငါထင်တယ်။ ဇန်နဝါရီလောက်ထဲမှာလည်း တွေ့ပါတယ်။

ဆရာနဲ့ ဦးဝီရသူကြားထဲက ဆက်ဆံရေးကကော ဘယ်လိုဖြစ်မလဲ။

ကိုယ်ကတော့ ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်တဲ့အတွက် ဘုန်းကြီးတွေအားလုံး နောက်ဘုန်းကြီးကျောင်းတွေရော၊ ဆရာတော် ကြီးတွေရော တော်တော်များများ အားလုံးကိုးကွယ်တယ်။ အားလုံး ကိုးကွယ်တယ်ဆိုတာ ဆရာတော်တွေ၊ သံဃာတော်တွေကိုတော့ ကိုယ့်ရဲ့ မိရိုးဖလာဗုဒ္ဓဘာသာ တစ်ယောက်ထက်ပိုပြီးတော့မှ ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်တာ။

ပြည်ထဲရေးက လိုအပ်ရင် ထပ် တွေ့မယ်ဆိုပြီးတော့ ပြောထားတာရှိလား။

လိုအပ်ရင် ထပ်တွေ့မယ် ရှိလားဆို ကိုယ့်ကိုတော့ ဘာမှ မပြောလိုက်ပါဘူး။ နှစ်ခါမေးပြီး တော့ ပြီးသွားတာပဲ။ ထပ်ပြီး တော့ လိုအပ်ရင်တော့ ခေါ်မေး မှာပေါ့။

ဒီဖြစ်စဉ် အဖြစ်မှန်ပေါ်ပေါက် ရေးအတွက် ဘာများ သတင်းစကားပေးချင်ပါသလဲ။

အဖြစ်မှန်ပေါ်ပေါက်ရေးက ကိုယ်သိသလောက်တော့ အဲဒီမှာ ကိုယ့်ကိုခေါ်ပြီးတော့ မေးတဲ့ အချိန်မှာ SB တို့၊ ဘာတို့ တော် တော်လုပ်နေကြတာပဲ။ အကုန် လုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေရော၊ လေဆိပ်မှာဆိုရင် တော်တော် လေးကို လုပ်နေကိုင်နေတာတွေ့ တယ်။ ကိုယ်ကတော့ မြန်မြန် ပေါ်ပါစေလို့ ဆုတောင်းပါတယ်။ မြန်မြန်ပေါ်သွားမှပဲ ဒါတွေအား လုံး သံသယတွေကင်းသွားမှာ။

အခုဖမ်းမိထားတဲ့ လူတွေနောက် မှာကော ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်တွေ ရှိနိုင်ဦးမလဲဗျ။



အဲဒါတော့ ညီလေး သူတို့ ကိုမေးမှပဲ သိမှာဗျ။ အစ်ကိုကတော့ မသိဘူး။

အောင်ဝင်းခိုင် နေပြည်တော်ကို ရောက်တဲ့အခါကျရင် ဘယ်တွေ သွားတတ်လဲ။

သူလာတော့ ဝန်ကြီးဌာနတွေဘာတွေ သွားတာလည်း ကိုယ်ကတော့ လိုက်ပြီးပို့နေတာ မဟုတ်တဲ့အတွက် အဲဒါတော့ အသေအချာမသိဘူး။

လုပ်ကြံတဲ့အထဲမှာ တပ်မတော် အငြိမ်းစားပါနေတဲ့အခါကျတော့ တပ်မတော်နဲ့ အင်န်အယ်လ်ဒီရဲ့ ဆက်ဆံရေးက တစ်စုံတစ်ခု ထိခိုက်သွားနိုင်လား။

မဆိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်က စိတ်နေသဘော ထားချင်းက တိုက်ဆိုင်တာမှ မဟုတ်တာ။ အဲဒီတော့ လူလုပ်တဲ့ အပေါ်မှာပဲ တာဝန်ယူမှုရှိမှာပေါ့။ သူလုပ်တဲ့ဖြစ်ရပ်ကို သူ့ဟာသူ တာဝန်ယူရမှာပေါ့။ အဖွဲ့အစည်း ကို ပြောပြောနေတာဖြစ်တဲ့ အတွက် ကိုယ်က ဒါပြောတာ။ ငါစပြီးတော့ အင်တာဗျူးဖြေ လိုက်လို့ စတဲ့ဇာတ်လမ်းဖြစ်တဲ့ အတွက်ကြောင့် အင်တာဗျူးကို ငါက မဖြေချင်တာ။ လိုရာဆွဲပြီး တော့ ရေးကြတယ်ကွ။ မှန်မှန် ကန်ကန် ကြားထဲကနေ ပြောတဲ့ ဟာကို ရေးစေချင်တယ်။ ဆွဲယူ ပြီးတော့ ရေးတာမျိုးကျတော့ အဖွဲ့အစည်းတို့ ဘာတို့ ထိခိုက် တာပေါ့။

ဒီလိုကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ခဲ့တဲ့ အပေါ်မှာကော ဘယ်လိုမှတ်ချက် ပြုချင်ပါသလဲဗျ။

အကြမ်းဖက်မှုဖြစ်စဉ်တွေ က ဒီတစ်ခုတည်း ဖြစ်တာမဟုတ် ဘူး ညီလေး။ ဖြစ်တာတွေက အများကြီးဖြစ်တဲ့အတွက်တော့ အစ်ကိုတို့ဆီမှာ တရားဥပဒေစိုးမိုး ရေးကိုတော့ လွှတ်တော်ကရော၊ နိုင်ငံတော်အစိုးရကရော၊ နောက် တာဝန်ရှိတဲ့ ပြည်ထဲရေးကရော လုပ်နေကြပါတယ်။ လွှတ်တော် ထဲမှာလည်း လိုအပ်တဲ့ ဥပဒေ တွေ ပြဋ္ဌာန်းဖို့ အစ်ကိုတို့တွေ လုပ်နေကြတာရှိတယ်။ နိုင်ငံ တော်အစိုးရက ဒါကို အကောင် အထည်ဖော်နေတယ်။ အဓိကက သတင်းစကားပေးချင်တာက ပြည်သူလူထုကလည်း ဒီဟာမျိုး ဝိုင်းဝန်းပြီးတော့မှ ကူညီပြီးတော့ လုပ်ပေးကြဖို့ လိုတာပေါ့။ အခုန ပြောသလို ဆိုရှယ်မီဒီယာမှာ လို ရာဆွဲပြီးတော့ တိုက်ခိုက်ပြီးတော့ ရေးသားနေကြတော့ တကယ့် အရေးကြီးတဲ့အချက်တွေ လွတ် သွားနိုင်တာပေါ့။

ကျေးဇူးတင်ပါတယ်။
Photos & Source: 7Day Daily

No comments:

Post a Comment