Latest News

Tuesday, February 28, 2017

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲကျပ် ၅၀၀ တန် ထီလက်မှတ်များ ရောင်းချခြင်းနှင့် ပတ်သက်၍ ကြေညာချက်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်တွင်းအခွန်များ ဦးစီးဌာန
အောင်ဘာလေသိန်းဆုဌာနခွဲကျပ် ၅၀၀ တန် ထီလက်မှတ်များ ရောင်းချခြင်းနှင့် ပတ်သက်၍ ကြေညာချက်


၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်

၁။ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် ၂၀၁၇ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှစ၍ ပြည်သူအများ ကံစမ်းနိုင်ရန်အတွက် ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ်များကို ထီအရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် ရောင်းချမည်ဖြစ်ပါသည်။

၂။ တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခုနှင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ဒေသအသီးသီးသို့ မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးများမှတစ်ဆင့် လည်းကောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ပေါ်ရှိ မြို့နယ်များအတွက် အောင် ဘာလေ သိန်းဆု ဌာနခွဲနှင့် မန္တလေး (ရုံးခွဲ) များမှ တစ်ဆင့်လည်းကောင်း၊ ကိုယ်စားလှယ်စုစုပေါင်း (၂၃၁၉) ဦးထံ ထီစာအုပ် (၂၈၈၆၉၉၉) အုပ် (ထီလက်မှတ်စောင်ရေပေါင်း ၃၁၇၅၆၉၈၉စောင်) ဖြန့်ဝေပေးပို့ ထားပြီး ဖြစ်ပါသည်။

၃။ အောင်ဘာလေသိန်းဆု ဌာနခွဲနှင့် သက်ဆိုင်ရာ အရောင်းကိုယ်စားလှယ်တို့ ချုပ်ဆိုထားသော ပဋိညာဉ်စာချုပ်အရ ထီလက်မှတ်များ ပြန်လည် ရောင်းချ ရာတွင် ထီလက်မှတ်အပေါ်၌ ရိုက်နှိပ်ထားသော ထီလက်မှတ်တန်ဖိုး အတိုင်း ရောင်းချရန်နှင့် တန်ဖိုးအတိုင်းရောင်းချခြင်း မပြုပါက ပဋိညာဉ် စာချုပ်ပါအတိုင်း အမည်ပျက်စာရင်း (Black Lisk) အဖြစ် သတ်မှတ်မည်ဖြစ် ပါသည်။ ထို့ပြင် လစဉ်ထီစာအုပ် ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ ထီအရောင်း ကိုယ်စားလှယ်က ဌာနသို့ ပေးသွင်းထားသော အာမခံငွေ (Deposit) အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆောင် ရွက်မည်ဖြစ်ပါသည်။

၎။ သို့ဖြစ်ပါ၍ ထီလက်မှတ်တန်ဖိုးထက်ပို၍ ရောင်းချသူများထံမှ ဝယ်ယူခြင်းမပြုပါရန်နှင့် ထီလက်မှတ်တန်ဖိုးအတိုင်း ရောင်းချသည့် ဆိုင်များတွင်သာ ဝယ်ယူကံစမ်းကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

၅။ ထီလက်မှတ်တစ်စောင်ချင်းကိုဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ၊ အုပ်လိုက်ဖြစ်စေ ရောင်းချရာတွင် ထီလက်မှတ်ပါ တန်ဖိုးထက် ပို၍ ရောင်းချသူများတွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးဌာနမှူး ရုံးများအပြင် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည် -

(က) ပြည်တွင်းအခွန်များ ဦးစီးဌာန (နေပြည်တော်) ၀၆၇- ၄၃၀၀၀၅
(ခ) အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်) ၀၁- ၂၄၉၂၇၃
(ဂ) အောင်ဘာလေသိန်းဆုဌာနခွဲ (မန္တလေးရုံးခွဲ) ၀၂-၃၅၉၁၃

ပြန်/ဆက်

No comments:

Post a Comment