ယောင်္ကျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးပါနေသော ကလေး ယောင်္ကျားအင်္ဂါ
မိန်းမအင်္ဂါ နှစ်မျိုးပါနေသော ကလေး
ယောင်္ကျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးပါနေသော ကလေး
မန္တလေးမြို့ ကလေး aဆးရုံဟောင်းမှ သူနာပြုဆရာမမကြည်ဖြူထွန်းနှင့်မတင်မာရီတို့မှ အကူအညီတစ်ခုတောင်းလာပါတယ်။ ကံသာယာမြို့သစ် အထက( ၃၁ )မှ ဒုတိယတန်းကျောင်းသားတစ်ဦးမှာမွေးရာပါကျား/မအင်္ဂါနှစ်ခုပါနေပြီးဆီးသွားရာတွင်ဆီးကိုမထိန်းချုပ်နိုင်ပဲ တစက်စက်သွားနေ၍ ကူညီပေးပါရန်ပြောဆိုလာ၍ ဆရာမများနဲ့အတူ အထက( ၃၁)မှဆရာမကြီးဒေါ်လှသက်မာ၊မြို့နယ်ပညာရေးမှုးဦးစိုးမြင့်နှင့်ကလေးအတန်းပိုင်ဆရာမ ဒေါ်ခိုင်ခိုင်မာတို့နှင့်ကလေးကိုကုသနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။
ကလေးမှာမွေးရာပါ ကျား/မ အင်္ဂါနှစ်ခုပါလာခဲ့ပြီး ယောင်္ကျားလေးလိုပဲ ပြုမှုနေထိုင်လျှက်ရှိပါတယ်။သို့သော် ဆီးသွားရာတွင်ထိန်းချုပ်နိုင်မှုမရှိပဲ တစက်စက်ကျနေရာ အတန်းထဲရှိတခြားကျောင်းသား/သူများကို အနှောင့်အယှက်ပေးသလိုဖြစ်နေပါသည်။ထို့ကြောင့် အတန်းပိုင်ဆရာမဒေါ်ခိုင်ခိုင်မာမှ ကလေးသေးခံ Dipper များဝယ်ယူ၍ ဝတ်ဆင်ပေးထားရပါသည်။
ကလေးမှာ အဖေနဲ့အတူကျူးကျော်ရပ်ကွက်မှာနေထိုင်ပြီး အဖေဖြစ်သူမှာ ပန်းရံအလုပ်လုပ်သူဖြစ်၍ ဆင်းရဲနွမ်းပါးကာ ကလေးကိုဆေးကုဖို့မတတ်နိုင်ပါ။ အဖေနဲ့အမေကလဲ သဘောထားမတိုက်ဆိုင်၍ ကွဲနေကြ၍ ကလေးမှာ အဖေဖြစ်သူနဲ့သာ အတူတကွနေထိုင်ပါသည်။ ထိုကြောင့်ကလေးအား ONE TO ONE ပြည်သူ့ကူညီရေးမှ ပြည်သူ့ဆေးရုံကြီးကိုပို့၍ ကုသပေးမည်ဖြစ်ပါသဖြင့်စေတနာရှင် အလှုရှင်များအနေဖြင့် ကလေးငယ်၏အနာဂတ်အတွက် ကူညီလှုဒါန်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။ ONETOONE ပြည်သူ့ကူညီရေးအဖွဲ့မန္တလေးမြို့ ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈ မောင်လူပျော် ဖုန်း ၀၉၄၀၂၅၇၇၁၄၃။။
Credit:Apannpyay : MyMedia
Friday, February 24, 2017
ယောင်္ကျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးပါနေသော ကလေး ယောင်္ကျားအင်္ဂါ မိန်းမအင်္ဂါ နှစ်မျိုးပါနေသော ကလေး
ယောင်္ကျားအင်္ဂါ၊ မိန်းမအင်္ဂါ နှစ်မျိုးပါနေသော ကလေး ယောင်္ကျားအင်္ဂါ မိန်းမအင်္ဂါ နှစ်မျိုးပါနေသော ကလေး
Reviewed by Ar Ti
on
7:26 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment