မႏၱေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ အကြက္ ၃၄၁၊ စိန္ပန္းရပ္ကြက္ တာရိမ္းလမ္း၊ သမၼတကိတ္မုန္႔တိုက္လမ္းၾကားမွာရွိတဲ့ ေနအိမ္တစ္ခုမွာ တိတ္နဲ႔ပတ္ၿပီး ႂကြတ္ႂကြတ္အိတ္နဲ႔ ထုတ္ထားတဲ့ တကၠသုိလ္ေက်ာင္းသား အေလာင္းတစ္ေလာင္းကို ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ ေန႔လယ္ ၂ နာရီေလာက္က ေတြ႔ရွိခဲ့ပါတယ္။
အခန္းတခုကို လြန္ခဲ့တဲ့သံုးလေလာက္ကစၿပီး အသက္ ၂၀ ဝန္းက်င္အရြယ္ လူငယ္ေက်ာင္းသားႏွစ္ေယာက္ အတူေနထိုင္ခဲ့ၾကတယ္လို႔ အခင္းျဖစ္တဲ့အိမ္မွာ အိမ္ငွားေနထုိင္တဲ့ ကိုေမာင္ေအးက ေျပာပါတယ္။
ေသဆံုးသူရဲ႕ ဦးေလးျဖစ္သူ လာေရာက္ရွာေဖြရာကေန အခုလို ေသဆံုးလ်က္ အေနအထားေတြ႔ရွိခဲ႔တာပါ။
ေသဆံုးသူဟာ ေမာင္အိမ္သူေမာင္ျဖစ္ၿပီး ရတနာပံုတကၠသိုလ္ ဒသနိက ပထမႏွစ္တက္ေရာက္ေနတယ္လို႔ သိရပါတယ္။
အတူေနသူကို အမွတ္(၇) နယ္ေျမရဲစခန္းမွာ စစ္ေဆးေနၿပီး သံသယအဆင့္ပဲ ရွိေသးတယ္လို႔ မဟာေအာင္ေျမၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မႉး ရဲမႉးတင္ထြန္းေအာင္က ေျပာပါတယ္။ အေလာင္းကိုေတာ့ ေဆး႐ုံႀကီး ပို႔ေဆာင္ၿပီး ဒဏ္ရာရွိမရွိစစ္ေဆးေနဆဲျဖစ္တယ္လို႔ ဆုိပါတယ္။
သတင္းဓာတ္ပုံ – အိမ္ခိုင္ျမဲ
DVB
==============
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အကွက် ၃၄၁၊ စိန်ပန်းရပ်ကွက် တာရိမ်းလမ်း၊ သမ္မတကိတ်မုန့်တိုက်လမ်းကြားမှာရှိတဲ့ နေအိမ်တစ်ခုမှာ တိတ်နဲ့ပတ်ပြီး ကြွတ်ကြွတ်အိတ်နဲ့ ထုတ်ထားတဲ့ တက္ကသိုလ်ကျောင်းသား အလောင်းတစ်လောင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၂ နာရီလောက်က တွေ့ရှိခဲ့ပါတယ်။
အခန်းတခုကို လွန်ခဲ့တဲ့သုံးလလောက်ကစပြီး အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်ကျောင်းသားနှစ်ယောက် အတူနေထိုင်ခဲ့ကြတယ်လို့ အခင်းဖြစ်တဲ့အိမ်မှာ အိမ်ငှားနေထိုင်တဲ့ ကိုမောင်အေးက ပြောပါတယ်။
သေဆုံးသူရဲ့ ဦးလေးဖြစ်သူ လာရောက်ရှာဖွေရာကနေ အခုလို သေဆုံးလျက် အနေအထားတွေ့ရှိခဲ့တာပါ။
သေဆုံးသူဟာ မောင်အိမ်သူမောင်ဖြစ်ပြီး ရတနာပုံတက္ကသိုလ် ဒသနိက ပထမနှစ်တက်ရောက်နေတယ်လို့ သိရပါတယ်။
အတူနေသူကို အမှတ်(၇) နယ်မြေရဲစခန်းမှာ စစ်ဆေးနေပြီး သံသယအဆင့်ပဲ ရှိသေးတယ်လို့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းအောင်က ပြောပါတယ်။ အလောင်းကိုတော့ ဆေးရုံကြီး ပို့ဆောင်ပြီး ဒဏ်ရာရှိမရှိစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
Friday, February 24, 2017
မႏၱေလးမွာ တိတ္နဲ႔ပတ္ၿပီး ႂကြတ္ႂကြတ္အိတ္နဲ႔ ထုတ္ထားတဲ့ တကၠသုိလ္ေက်ာင္းသား အေလာင္းတစ္ေလာင္း
မႏၱေလးမွာ တိတ္နဲ႔ပတ္ၿပီး ႂကြတ္ႂကြတ္အိတ္နဲ႔ ထုတ္ထားတဲ့ တကၠသုိလ္ေက်ာင္းသား အေလာင္းတစ္ေလာင္း
Reviewed by timeayeyar
on
7:24 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment