Latest News

Friday, February 24, 2017

Bill Gates အကြောင်း လူသိနည်းတဲ့ အချက် (၇) ချက်


ဟားဗတ်ကျောင်းက ထွက်လိုက်တာကစ မိုက်ခရိုဆော့ဖ်ဘီလျံနာသူဌေးကြီး၊ ကမ္ဘာသိ ပရဟိတဒါနရှင်အဆုံး မထင်မှတ်စရာ ဘဝအတွေ့အကြုံများစွာ Bill Gates မှာ ရှိပါတယ်။ သူဟာ စည်းကမ်းကြီးတဲ့မန်နေဂျာ၊ ထက်မြတ်တဲ့အတွေးအခေါ်သမားအဖြစ် နာမည်ကျော်ဇောခဲ့သူ  ဖြစ်ပါတယ်။ Bill Gates ဖြတ်သန်းခဲ့ ဘဝအတွေ့အကြုံမြောက်များစွာအနက် ထူးခြားပြီး လူသိနည်းတဲ့အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။  
၁။ ကျောင်းနေစဉ် သူစိတ်ဝင်စားတဲ့ မိန်းကလေးအားလုံးနဲ့ သူနဲ့တစ်ခန်းတည်းပို့
အထက်တန်းကျောင်းတုန်းက ငယ်ရွယ်တဲ့ Bill Gates တစ်ယောက်ဟာ ကျောင်းရဲ့ administration အဖွဲ့မှ ကွန်ပျူတာ အသုံးပြုဖို့နဲ့ အတန်းအချိန်ဇယားစွဲဖို့ တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ Bill Gates က သူသဘောကျတဲ့ မိန်းကလေးတွေအားလုံး သူနဲ့တစ်ခန်းတည်းထားဖို့ အဲဒီအခွင့်အရေးကို အသုံးချခဲ့ပါသတဲ့။

၂။ ဟားဗတ်ကျောင်းနေတုန်း သူစာရင်းပေးထားတဲ့ အတန်းတွေ ဘယ်တော့မှမတက်ခဲ့
ဟားဗတ်ကျောင်းမှာ Bill Gates သူစာရင်းသွင်းထားတဲ့ အတန်းတွေ ဘယ်တော့မှ မတက်ဖြစ်ခဲ့ပါဘူး။ အဲဒီအစား သူစိတ်ကူးရတဲ့ အတန်းတွေကို သွားတက်လိုက်မျိုး လုပ်တတ်ပါသတဲ့။ ဒါပေမယ့် စားမေးပွဲနီးမှ စာတွန်းကျက်အားကောင်းမှုကြောင့် စာမေးပွဲကို A အဆင့်ရအောင် အမြဲတမ်းဖြေဆိုနိုင်ခဲ့ပါတယ်။

၃။ ကားအရှိန်လွန်မောင်းနှင်မှုကြောင့် သုံးကြိမ် ဒဏ်တပ်ခံခဲ့ရဖူး
သတ်မှတ်နှုန်းထက် ကျော်လွန်မောင်းနှင်မှုကြောင့် Bill Gates ဟာ သုံးကြိမ်တိတိ ဒဏ်တပ်ခံခဲ့ရဖူးပါတယ်။ သူ့ရဲ့ Porsche 911 ကို Albuquerque desert ကနေ Seattle ရှိ သူ့နေအိမ်သစ်သို့ မောင်းနှစဉ် ရဲတပ်ဖွဲ့ကနေ သူ့ကို ၂ ကြိမ်ဒဏ်တပ်ခဲ့ပါတယ်။ Bill Gates ဟာ Microsoft ရဲ့ ပထမဆုံးရုံးအနီး Albuquerque desert သဲကန္တာရတစ်ဝိုက်မှာ ရူးရူးမိုက်မိုက်မောင်းနှင် ရမ်းကားလေ့ရှိတယ်လို့ ဆိုပါတယ်။
၎။ ဝန်ထမ်းတွေရဲ့ ကားနံပါတ်အလွတ်ကျက်မှတ်သား
Microsoft ကုမ္ပဏီဝန်ထမ်းတွေရဲ့ သွားလာမှုတွေ ခြေရာခံဖို့ သူတို့ရဲ့ ကားနံပါတ်တွေ အလွတ်ကျက်ထားလေ့ရှိတယ်လို့ သိရပါတယ်။

၅။ Idea တစ်ခုခုနဲ့ပတ်သက်ပြီး Bill Gates ဘယ်လိုခံစားကြောင်း "F**k" ရေရွတ်မှုနှုန်းဖြင့် မှန်းဆသိနိုင်
Proposal ဖတ်နေရင်း "f**k" ဘယ်နှခါရွတ်လဲ ရေတွက်ခြင်းဖြင့် idea အပေါ် ဘယ်လို ခံစားချက်ရှိကြောင်း တွက်ချက်နိုင်ပါတယ်။ အရင်က မိုက်ခရိုဆော့ဖ်ဝန်ထမ်းတစ်ဦး Stack Overflow တည်ထောင်သူ Joel Spolsky က ဘလော့ဂ်ပို့စ်တစ်ခုမှာ သူ့အကြောင်း အခုလိုပြောပြဖူးပါတယ်။ အဲဒီတုန်းက BillG reviews ခေါ် ပြန်လည်သုံးသပ်မှုတွေ လုပ်လေ့ရှိတယ်။ ပုံမှန်အားဖြင့် အရေးကြီးအစီအစဉ်တိုင်း Bill Gates ကနေ ပြန်လည်သုံးသပ်လေ့ရှိပါတယ်။ ကျနော့် BillG review အစည်းအဝေးမှာ ဘီလ်ဂိတ်စ် "F**k" ဘယ်နှကြိမ်ရွတ်လဲ အတိအကျရေတွက်ဖို့ သီးသန့်တစ်ယောက် ထားထားပါတယ်။ "F**k" အရေအတွက်နည်းလေ၊ ကောင်းလေပါပဲ။
၆။ DONKEY.BAS ဂိမ်းကုဒ်ရေးခဲ့
မိုက်ခရိုဆော့ဖ်ကနေ DOS operating system ကို IBM သို့ ပထမဆုံးလိုင်စင်ပေါက်တဲ့အခါ ဂိတ်စ်နဲ့ ကုမ္ပဏီကို ဂိမ်းတချို့ထည့်ပေးစေလိုခဲ့တယ်။ အဲဒီတော့ Gates နဲ့ Neil Konzen တို့နှစ်ယောက် ကားတစ်စီးဖြင့် မြည်းတွေကို လိုက်ရှောင်ရတဲ့ ခပ်ပေါပေါဂိမ်းတစ်ခုဖြစ်တဲ့ "DONKEY.BAS" ကို မနက် ၄ နာရီထိ ကုဒ်ထိုင်ရေးခဲ့ကြပါသတဲ့။ Apple Macintosh team က အဲဒီ IBM PC ပထမဆုံးအကြိမ် စစ်ကြည့်လိုက်တဲ့အချိန်မှာ DONKEY.DAS တစ်ခုတည်းကိုမှ ရှက်စရာလို့ ကွက်ပြီး သတ်မှတ်လိုက်ကြတယ်။ Bill Gates ဒါကို လက်မှတ်ထိုးခဲ့တာ မယုံနိုင်ဘူးလို့ ဆိုကြပါတယ်။
၇။ ပန်းကန်ဆေးရတာ ကြိုက်နှစ်သက်
Bill Gates ညစာစားပြီး ပန်းကန်ကို ကိုယ်တိုင်ဆေးရတာ ကြိုက်နှစ်သက်ကာ များသောအားဖြင့် သူ အဲဒီလိုပဲ ဆေးပါတယ်။ စေတနာနဲ့ ဆေးပေးတဲ့သူတွေရှိပေမယ့် ကိုယ်ကိုယ်တိုင်လုပ်ရတာ သဘောကျတယ်လို့ သူက ရှင်းပြပါတယ်။
Ref: Gadgetsnow
http://www.trend.com.mm

No comments:

Post a Comment