Latest News

Sunday, February 26, 2017

နိုင်ငံတစ်ဝန်း ဘုရားများတွင် ကန်ထရိုက်စနစ်ဖြင့် ဖိနပ်အပ်ခကောက်ခံနေမှု ဖျက်သိမ်းရန် စီစဉ်

နိုင်ငံတစ်ဝန်း ဘုရားများတွင် ကန်ထရိုက်စနစ်ဖြင့် ဖိနပ်အပ်ခကောက်ခံနေမှု ဖျက်သိမ်းရန် စီစဉ်



ဖိနပ်အပ်နှံခကို လက်ခံမည်ဖြစ်သော်လည်း အလှူခံပုံးထားရှိမည်

 တစ်နိုင်ငံလုံးရှိ ဘုရားများတွင် ကန်ထရိုက်စနစ် ဖြင့် ဖိနပ်အပ်နှံခကောက်ခံနေမှု ကို ဖျက်သိမ်းမည်ဟု သာသနာ ရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

 ‘‘မြန်မာနိုင်ငံတစ်ဝန်းမှာရှိ တဲ့ တန်ခိုးကြီးဘုရားတွေမှာ ဖိနပ် အပ်တာကို ကန်ထရိုက်စနစ်နဲ့ လုပ်ထားတယ်ဆိုရင် အဲဒီကန်ထ ရိုက်စနစ် သက်တမ်းပြည့်သွားပြီ ဆိုတာနဲ့ နောင်လာတဲ့ကာလမှာ အဲဒီလိုမလုပ်ရတော့ဘူး’’ဟု သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

 တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေတိဂုံစေတီတော်ကြီးတွင် ကန်ထရိုက်စနစ်ဖြင့်  ဖိနပ်အပ်ခ ကောက်ခံနေမှုကို သက်တမ်းကုန်ပါက ဖျက်သိမ်းကာ ယင်းနေရာတွင် ဂေါပကအဖွဲ့မှ ဝန်ထမ်းများကို  အလှူခံပုံးများဖြင့်ထားရှိနိုင်ရေး အကြောင်းကြားထားကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

  ရွှေတိဂုံစေတီတော်ကြီး ဖိနပ်အပ်ရန်ဌာနတွင် ဖိနပ်အပ်ခ တစ်ရန်လျှင် ၅၀ ကျပ်ဟု ဗီနိုင်းဖြင့် ဖော်ပြထားသော်လည်း တစ်ရန် လျှင် ၁၀၀ ကျပ် ကောက်ခံနေမှု ကို သာသနာရေးဦးစီးဌာနသို့ တိုင်ကြားမှုရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 ‘‘ဖိနပ်အပ်တာကို ကန်ထ ရိုက်မပေးတော့ဘူး။ ဂေါပကရဲ့ အစီအစဉ်နဲ့ ဝန်ထမ်းတွေက လက်ခံ၊ အလှူခံပုံးထဲထား၊ ၁,၀၀၀ ထည့်ရင်လည်း ထည့်သွား၊ ၅၀၀ ပဲ ထည့်ချင်ထည့်၊ တစ်ဆယ် ထည့်ချင် တစ်ဆယ်ထည့်သွား ပြဿနာမရှိဘူး’’ဟု ဦးအောင် ဆန်းဝင်းက ဆိုသည်။

 ဘုရားများတွင် ဖိနပ်အပ်ခ ကန်ထရိုက်စနစ် ဖျက်သိမ်းကာ ဂေါပကအဖွဲ့က ဝန်ထမ်းများနှင့် အလှူခံပုံးထားရှိမှုကို ရွှေတိဂုံစေတီတော်သို့ မကြာခဏ ဘုရားဖူးသွားရောက်သူ ကိုလမင်းက‘‘သူတို့ ဘုရားဝန်ထမ်းက အဲဒီလို ဝန်ဆောင်မှုပေးရင် ကောင်း တာပေါ့။ ဖိနပ်အပ်ခဆိုပြီး သီးသန့်မတောင်းတော့ ပိုအဆင်ပြေတာ ပေါ့’’ဟု ၎င်းက ပြောသည်။



7Day News Journal

No comments:

Post a Comment