Latest News

Sunday, February 26, 2017

စာအုပ်ပေါင်းတစ်သိန်းကျော် ရောင်းချမည့် ရန်ကုန်စာအုပ်ပလာဇာဖွင့်လှစ်

စာအုပ်ပေါင်းတစ်သိန်းကျော် ရောင်းချမည့် ရန်ကုန်စာအုပ်ပလာဇာဖွင့်လှစ်



စာအုပ်အမျိုးအစား ပေါင်းတစ်သိန်းကျော် ခင်းကျင်း ရောင်းချသော ရန်ကုန်စာအုပ်ပလာဇာကို ဖေဖော်ဝါရီ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

‘‘ရန်ကုန်မြို့ကို စာပေယဉ် ကျေးမှုမြို့တော်တစ်ရပ်ဖြစ်စေ ချင်တယ်။ ရန်ကုန်ဟာ ရှေး ဟောင်းအမွေအနှစ်တွေနဲ့ တကယ့်ကို စိမ်းလန်းပြီးနေချင်စဖွယ် စီးပွားရေးမြို့တော်ကြီးတစ်ခု ဖြစ်ချင်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်ဆိုတဲ့အထဲမှာ စာပေယဉ်ကျေးမှုအနုပညာအကုန်လုံးဖြစ်ပါတယ်။ တစ်ချိန်မှာအရှေ့တောင်အာရှမှာ ရန်ကုန်မြို့ဟာ စာပေနဲ့ ပတ်သက်တဲ့ တကယ့်ကိုဖွံ့ဖြိုးတိုးတက်တဲ့မြို့တစ်မြို့ဖြစ်စေချင်တယ်’’ဟု ရန်ကုန်စာအုပ်ပလာဇာဖွင့်ပွဲ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်စာအုပ်ပလာဇာကို လမ်းမတော်မြို့နယ်ရှိ သံဈေးပ လာဇာငါးလွှာတွင် ဖွင့်လှစ်ထား ပြီး စာအုပ်ဆိုင်ခန်းပေါင်း သုံးဆယ်ကျော်နှင့် စာအုပ်အမျိုးအစားတစ်သိန်းကျော် ရောင်းချနေသည်။

‘‘အခုခေတ်မှာ ကျွန်တော်တို့ မြန်မာပြည်သူတွေနဲ့ စာပေနဲ့ဝေး ကွာနေတာ နည်းနည်းကြာပြီ။ စာ အုပ်စာဖတ်နှုန်းထားကကျဆင်း နေပါတယ်။ ဒါကြောင့် စာမဖတ် တဲ့သူတွေကို စာဖတ်ချင်စိတ်ရှိ လာအောင် ဆွဲဆောင်ဖို့လိုအပ်ပါ တယ်။ လိုအပ်တဲ့အခါမှာ စာအုပ် ဆိုင်က ရိုးရိုးသာမန်စာအုပ်ဆိုင် မျိုးပဲဆိုရင် စာမဖတ်တဲ့သူတွေက မလာချင်ပါဘူး။ ဒါကြောင့် Book Plaza မှာ စာအုပ်တွေချည်းပဲ ရောင်းတာမဟုတ်ဘဲ Function မျိုးစုံနဲ့ပြုလုပ်ပေးထားပါတယ်’’ဟု ရန်ကုန်စာအုပ်ပလာဇာတည် ထောင်သူ စာရေးဆရာမြေမှုန် လွင်က ပြောကြားသည်။

စာအုပ်ပလာဇာတွင် စာအုပ်ဆိုင်ခန်းများ၊ ကလေးကစားကွင်း၊ ကော်ဖီဆိုင်၊ လမ်းဘေးစာအုပ်အဟောင်းတန်းကို လူကူးမျဉ်းကျား၊ ပလက်ဖောင်းတို့ဖြင့် ပြင်ဆင်ထားသောစာအုပ်ဆိုင်တန်း၊ စာရေးဆရာ၁၂ဦး၏ အထိမ်းအမှတ်ပုံများ၊ ဟောပြောပွဲနှင့် မိတ်ဆက်ပွဲများပြုလုပ်နိုင်သည့် စင်မြင့်တို့စီစဉ်ထားသည်။

ထို့အပြင် ကလေးကစားကွင်းဖန်တီးထားပြီး ကလေးကဗျာများ၊ စာများ၊ ဆေးရောင်ခြယ်ကားချပ်များ၊ ကလေးတို့၏ ဖန်တီးနိုင်စွမ်းကို အားပေးမည့် အထောက်အကူပြု ကစားစရာများလည်း ထားရှိသည်။

ရန်ကုန်စာအုပ်ပလာဇာ၌  လစဉ်လတိုင်းစာရေးဆရာတို့၏  အထိမ်းအမှတ်နေ့ပွဲများနှင့် စာ အုပ်မိတ်ဆက်ပွဲများ ပြုလုပ်ပေးမည်ဖြစ်သည်။

ရန်ကုန်စာအုပ်ပလာဇာကို အမေရိကန်ဒေါ်လာတစ်သိန်း ကျော်ရင်းနှီးမြှုပ်နှံထားပြီး ဆိုင်ခန်း ၃၀ကျော်ကို တစ်လလျှင် ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းခန့် ဖြင့် ငှားရမ်းထားသည်။


7Day News Journal

No comments:

Post a Comment