မွန်ပြည်နယ်တွင် ပိတောက်သစ်ခွဲသားများ တရားမ၀င် သယ်ဆောင်လာသည့် ကားခုနစ်စီး ဖမ်းမိ
မွန်ပြည်နယ် မော်လမြိုင်နှင့် ပေါင်မြို့နယ်တွင် ပိတောက်သစ်ခွဲသားများ တင် ဆောင်လာသည့် ၁၂ ဘီးကား ခုနစ်စီးကို ဖေဖော်ဝါရီ ၂၅ ရက်၌ ဖမ်းဆီးရမိခဲ့ကြောင်း မော်လမြိုင် မြို့ သထုံခရိုင်သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။
မော်လမြိုင်-မုဒုံ တိုးဂိတ် တွင် ၁၂ ဘီးကား သုံးစီး၊ ပေါင် မြို့နယ် မုတ္တမမြို့တွင် ၁၂ ဘီး ကားသုံးစီးနှင့် ဘန့်ကွေးကုန်း ကျေးရွာတွင် ၁၂ ဘီးကား တစ်စီး စုစုပေါင်း ကားခုနစ်စီး ဖမ်းဆီးရမိ ခဲ့သည်။ ကားတစ်စီးလျှင် သစ် ခုနစ်တန်ကျော်ရှိပြီး ကား ခုနစ်စီး စလုံးတွင်ခန့်မှန်း သစ်တန်ချိန် ၅၀ ခန့်ရှိသည်ဟု သစ်တောဦးစီးဌာန မှ သိရသည်။
‘‘မွန်ပြည်နယ်ဘက်ကို လာ မယ်လို့ သတင်းရလို့ မြို့နယ်တစ် ခုချင်းတိုင်းကို လုံခြုံရေးတွေ တိုး ပြီး စစ်ဆေးမှုတွေ လုပ်တယ်။ သတင်းရတာကတော့ ငါးရက် လောက်ရှိပြီ ဒီနေ့မနက်မှ မော်လ မြိုင်ဘက်မှာ အရင်မိတယ်။ ဖမ်း မိတဲ့အချိန်နောက်က လိုက်လာ မယ့် ကားတွေနဲ့ အဆက်အသွယ် မရအောင် ကားသမားတွေရဲ့ ဖုန်းကို သိမ်းလိုက်တယ်။ ပေါင် ဘက်မှာ ထပ်မိတယ်။ ကားသမား တစ်ယောက်ကတော့ ထွက်ပြေး သွားတယ်။ ခြောက်ယောက်ကို တော့ စစ်ဆေးမှုလုပ်နေပါတယ်’’ ဟု ဦးမြင့်အောင်က ပြောသည်။
ဖမ်းဆီးရမိသည့် ပိတောက် သစ်ခွဲသားများသည် ရန်ကုန်မှ သယ်ဆောင်လာခြင်းဖြစ်ပြီး မုဒုံ မြို့နယ်မှတစ်ဆင့် ရေလမ်း ကြောင်းဖြင့် အခြားနေရာသို့ သယ်ဆောင်မည် ဖြစ်သည်။ တရားမ၀င်သစ်များ ဖမ်းမိခြင်း ကြောင့် မြို့နယ်အလိုက် လုံခြုံ ရေး အင်အားတိုးပြီး ရှာဖွေပြုလုပ် နေကြောင်း ဦးမြင့်အောင်ကပြောသည်။ မွန်ပြည်နယ်တွင် ၂၀၁၆ အတွင်း တရားမ၀င်သစ်များကို ကျိုက်ထိုမြို့နယ်၌ ၁၁၂ တန် ကျော် ဘီးလင်းမြို့နယ်တွင် ခုနစ် တန်ကျော် သထုံမြို့နယ်တွင် သုံးတန်ကျော်၊ မော်လမြိုင်မြို့နယ် တွင် တစ်တန်ကျော်၊ကျိုက်မရော မြို့နယ်တွင် ၀ ဒသမ ၇၂၀၀ တန်၊ ရေးမြို့နယ်တွင် ၃ ဒသမ ၉၉၇၀ တန်နှင့် ပေါင်မြို့နယ်တွင် ၁၂၉ တန်ကျော် ဖမ်းဆီးရမိခဲ့သည်။
မွန်ပြည်နယ်ရှိ သစ်စက်များ တွင် တရားမ၀င် သစ်များ ရှိ၊ မရှိ တစ်လတစ်ကြိမ် စစ်ဆေးထား ပြီး ဖမ်းဆီးရမိသည့် ကျွန်းသစ်၊ ပိတောက်သစ်များကို ရောင်းချ ခြင်းမရှိဘဲ နိုင်ငံတော် (မြန်မာ နိုင်ငံ သစ်ထုတ်လုပ်ရေးလုပ်ငန်း) သို့ ပေးပို့ရမည်ဟု မွန်ပြည်နယ် သစ်တောဦးစီးဌာနရုံး ညွှန်ကြား ရေးမှူး ဦးမင်းသိန်းမြင့်က ဆို သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment