စစ်ဘေးသင့် ဒေါ်နန်းခင်သန်းမိသားစုအတွက် ပစ်တိုင်းထောင်
ဖောင်ဒေးရှင်းက လစဉ်ကျပ်နှစ်သိန်း ကူညီမည်
ရှမ်းပြည်နယ်မြောက် ပိုင်း ကျောက်မဲမြို့နယ် ညောင် မောင်းကျေးရွာတွင် စစ်ဘေးဒဏ် ကြောင့် စားဝတ်နေရေး အခက် တွေ့နေသည့် ဒေါ်နန်းခင်သန်း မိသားစုအတွက် ပစ်တိုင်းထောင် ဖောင်ဒေးရှင်းက လစဉ်ကျပ်နှစ် သိန်းဖြင့် တစ်နှစ်စာ ကျပ် ၂၄ သိန်းထောက်ပံ့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မိသားစုဝင်သုံးဦး အသက် ဆုံးရှုံးပြီး ကိုယ်တိုင်ညာဘက် ခြေထောက်တစ်ဖက် ဖြတ် တောက်ခဲ့ရကာ ကလေးငယ် ခုနစ်ဦးဖြင့် စားဝတ်နေရေး အ ခက်တွေ့နေသော ဒေါ်နန်းခင်သန်း မိသားစုအတွက် ဧပြီကစတင်၍ လစဉ် ထောက်ပံ့မည်ဟု ဆိုသည်။
‘‘တကယ်အကူအညီလိုအပ် နေတဲ့အတွက် လှူဒါန်းတာဖြစ်ပါ တယ်။ လောလောဆယ် အိမ်ငှား စရိတ်၊ ကျန်းမာရေးစရိတ်နဲ့ စား ၀တ်နေရေးအတွက် လစဉ်ကျပ် နှစ်သိန်းနှုန်းနဲ့ တစ်နှစ်စာ လှူ ဒါန်းမှာပါ’’ ဟု ပစ်တိုင်းထောင် ဖောင်ဒေးရှင်းမှ ဒေါ်အေးအေး စန်းကပြောသည်။
ရန်ကုန်မြို့အခြေစိုက် ပစ် တိုင်းထောင်ဖောင်ဒေးရှင်းသည် ၂၀၁၃ တွင် စတင်တည်ထောင်ခဲ့ ပြီး ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍ များ၌ အဓိကထားကူညီနေသော ဖောင်ဒေးရှင်းဖြစ်သည်။
၂၀၁၆ ဒီဇင်ဘာက ညောင် မောင်းကျေးရွာအနီး တပ်မတော် နှင့် TNLA (တအာင်း(ပလောင်) တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့)တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဒေါ်နန်းခင် သန်းတို့၏ နေအိမ်ပေါ်သို့ လက် နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ သည်။
ယင်းလက်နက်ကြီးပေါက်ကွဲ မှုကြောင့် ဒေါ်နန်းခင်သန်း၏ အ မျိုးသား၊ ယောက္ခမနှင့် အစ်ကိုတို့ အသက်သေဆုံးကာ ဒေါ်နန်းခင်သန်းနှင့် (၅) နှစ်အရွယ် သားငယ် တစ်ဦးအပါအ၀င် ဒေသခံခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်။
လက်နက်ကြီး ကျရောက်မှု ကြောင့် နေအိမ် ပြိုပျက်ခဲ့ကာ အိမ်မွေး ကျွဲ၊ နွားအချို့ပါ သေ ဆုံးပြီး ကိုယ်ဝန် ရှစ်လ၊ သားသမီး ခြောက်ဦးနှင့် ကျန်ရစ်ခဲ့သော ဒေါ်နန်းခင်သန်းသည် စားဝတ်နေ ရေး အခက်တွေ့နေကြောင်း ၎င်း၏အစ်မကြီး ဒေါ်မြစိမ်းကပြောသည်။
7Day News Journal
Saturday, February 25, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment