Latest News

Tuesday, February 21, 2017

နန်းသီတာ ဆိပ်ကမ်း မှာ အုပ်စုဖွဲ့ ဝိုင်းရိုက်လို့ လူငယ်တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

နန်းသီတာ ဆိပ်ကမ်း မှာ အုပ်စုဖွဲ့ ဝိုင်းရိုက်လို့ လူငယ်တစ်ဦးသေဆုံး

တစ်ဦးဒဏ်ရာရ

ပန်းဆိုးတန်း၊ နန်းသီတာ ဆိပ်ကမ်းမှာ အမည်မသိအဖွဲ့တစ်ဖွဲ့ကရန်စပြီး ဝိုင်းရိုက်လို့ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ရန်ကုန်မြို့၊ဆိပ်ကမ်းမြို့နယ် ရဲစခန်းကနေသိရပါတယ်။ ဖေဖော်ဝါရီလ ၁၉ရက်နေ့  ည(၇)နာရီခွဲကျော်လောက်က သေဆုံးသူ ကိုဇင်သူထက်အပါအဝင်သူငယ်ချင်း (၅)ယောက်တို့ ဟာနန်းသီတာ ဆိပ်ကမ်းမှာ မုန့် ဆိုင်ထိုင်နေချိန် လူတစ်စုက ရန်စပြီး ဝိုင်းရိုက်ခဲ့တယ်လို့ သိရပါတယ်။ ” ကျွန်တော့် သူငယ်ချင်းကြည့်လို့ ဆိုပြီး ဟေ့ရောင် မင်းကဘာကြည့်တာလဲဆိုပြီး စရန်စတာ။

သူကလည်း မျက်စိပါလို့ ဒီအတိုင်းကြည့်တာလေကွာလို့ ပြန်ပြောပြီး ပြီးသွားတယ် ။ကျွန်တော်တို့ လည်းပြန်ရော သူတို့ ကတုတ်တွေနဲ့စောင့်နေတာ ဓားလည်းပါတယ်။

ပြီးတော့ဝိုင်းရိုက်ကြ တော့တာပဲ။ဇင်သူထက်ရဲ့ ခေါင်းကိုအဆက်မပြတ်ရိုက်တာ ။ သူတို့ ထဲကတစ်ယောက်က ငါလူကြီးသားကွဆိုပြီး ပြောသေးတယ် ” လို့ အခင်းဖြစ်ပွားချိန်အတူရှိနေတဲ့ ကိုပြည့်ဖြိုးဇော်ကပြောပါတယ်။

အခင်းဖြစ်ပွားတဲ့ညက ကိုဇင်သူထက် နဲ့ဒဏ်ရာရသူ တစ်ဦးကို ရန်ကုန်ဆေးရုံကြီး ကို ပို့ ဆောင်ခဲ့ပြီး နောက်တနေ့ မနက် ၆နာရီလောက်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာရဲ့ ကိုဇင်သူထက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူကိုဇင်သူထက်ဟာအသက်၂၄နှစ်ရှိပြီဖြစ်ပြီး ဗိုလ်တစ်ထောင်မြို့နယ်မှာနေထိုင်သူဖြစ်ပါတယ်။

သေဆုံးသူကို ၀ိုင်းရိုက်ခဲ့တဲ့ စုစုပေါင်း ၈ဦးထဲကနေ ၆ဦး ကို ဆိပ်ကမ်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂-လူသတ်မှု / ပုဒ်မ ၁၁၄-အားပေးကူညီမှု တို့ နဲ့ အမှုဖွင့်ထားတယ်လို့  ဆိပ်ကမ်းမြို့နယ်ရဲစခန်းကပြောပါတယ်။

နွေဦး

Kumudra

No comments:

Post a Comment