Latest News

Wednesday, January 18, 2017

YBS လမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးသော ဘုလက်ဂျာနယ် အကြီတန်းသတင်းထောက်တစ်ဦး အမှုဖွင့်ခံရ

YBS လမ်းညွှန်ဆိုင်းဘုတ် ဖျက်ဆီးသော ဘုလက်ဂျာနယ် အကြီတန်းသတင်းထောက်တစ်ဦး အမှုဖွင့်ခံရ

ဒဂုံမြို့သစ် (မြောက် ပိုင်း)၊ ပြည်ထောင်စုလမ်းမပေါ်ရှိ ဧရာဝတီဘဏ်အနီးတွင် စိုက်ထူ ထားသည့် YBS ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သော ဘုလက်ဂျာနယ်မှ အကြီးတန်းသ တင်းထောက်တစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ သည် ဇန်န၀ါရီ ၁၆ ရက် ည ၁၁ နာရီခန့်က လှည့်ကင်းဆောင်ရွက်စဉ် အမျိုးသားတစ်ဦး ဆဲဆိုနေခြင်းကို ကြားသဖြင့် သွားရောက်ထိန်းသိမ်းစဉ် အသက် (၄၁)နှစ်အရွယ် ဦးဇော်မင်းထွန်း (ခ) ၀င်းဦးက YBS ခရီးသွား လမ်းညွှန်ဆိုင်းဘုတ်ကို လက်ဖြင့် ဆွဲနုတ်တွန်းလှဲခဲ့ရာမှ ဆိုင်းဘုတ်အောက်ခြေတစ်ဖက် ကျွတ်ထွက်သွားခဲ့ ကြောင်း မြောက်ဒဂုံမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

YBS လမ်းညွှန်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သည့် ဘုလက်ဂျာနယ်မှ အကြီးတန်းသတင်းထောက် ဦးဇော်မင်းထွန်း (ခ) ၀င်းဦးအား မြောက်ဒဂုံမြို့မရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆ (၁)ဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ မရမ်းကုန်းမြို့ နယ် (၁) ရပ်ကွက်၊ သမိုင်းဘူတာ ရုံလမ်း၊ ဈေးဘူတာမှတ်တိုင်တွင် စိုက်ထူထားသည့် YBS ခရီးသွား လမ်းညွှန်ဆိုင်းဘုတ် ဇန်န၀ါရီ ၁၆ ရက်က ဖျက်ဆီးခံခဲ့ရပြီး ဖျက်ဆီး သွားသည့် အသက် (၂၅)နှစ်အ ရွယ် အမျိုးသားကို ဖမ်းဆီးထား ကြောင်း ဘုရင့်နောင်နယ်မြေရဲစ ခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

‘‘ဆိုင်းဘုတ်ဖျက်ဆီးခဲ့တဲ့သူ က အရင်က ဘီအမ်ကားစပယ် ယာပေါ့။ ဘယ်လိုင်းမှာ လိုက် တယ်ဆိုတာတော့ မသိဘူး။ ဘီ အမ်စပယ်ယာလို့ပဲ သိရတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ဈေးဘူတာမှတ်တိုင်ရှိ YBS လမ်းညွှန်ဆိုင်းဘုတ်ကို ဖျက်ဆီးခံခဲ့သူသည် လှိုင်သာယာမြို့နယ် နေ အောင်စိုးဆိုသူဖြစ်ပြီး ၎င်းကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့် ဘုရင့် နောင် နယ်မြေရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း ဘုရင့်နောင်နယ် မြေရဲစခန်းမှ သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၅ ရက်၊ မွန်းလွဲပိုင်းကလည်း လှိုင် သာယာမြို့နယ်၊ ဗိုလ်ချုပ်မှတ် တိုင်တွင် စိုက်ထူထားသည့် YBS ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သည့် အမျိုးသားသုံးဦးအား လှိုင်သာယာ မြို့မရဲစခန်းတွင် အမှုဖွင့်အရေး ယူထားပြီးဖြစ်သည်။

အများပိုင်စနစ်သစ်ဘတ်စ် ကားလိုင်း YBS ယာဉ်လမ်း ကြောင်းပြ ဆိုင်းဘုတ်များကို ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များ အလိုက် ဘတ်စ်ကားမှတ်တိုင် များတွင် ဇန်န၀ါရီ ၁၃ ရက်က စ တင် စိုက်ထူခဲ့ခြင်းဖြစ်သည်။

Sources: 7Day News Journal

No comments:

Post a Comment