Latest News

Thursday, January 19, 2017

YBS လက်ပတ်အတုတွေဝတ်ပြီး နှောင့်ယှက်သူတွေရှိတယ်ဆိုတာ ကောလာဟလသာဖြစ်

YBS လက်ပတ်အတုတွေဝတ်ပြီး နှောင့်ယှက်သူတွေရှိတယ်ဆိုတာ ကောလာဟလသာဖြစ်

အရင်တုန်းက လက်ပတ်တွေကို အများကြီး ထုတ်ပေးလိုက်ပေမဲ့ အခု သေချာစိစစ်ပြီးပေးနေတယ်။


YBS လက်ပတ်အတုတွေ ၀တ်ဆင်ကာ အနှောင့်အယှက်ပေးသူတွေရှိနေတယ်ဆိုတာဟာ ကောလာဟလသာဖြစ်ပြီး အခမဲ့ကူညီပေးသူတွေကို ယာယီအဖွဲ့ဝင် လည်ဆွဲကတ်တွေ ဇန်န၀ါရီ ၁၉ ရက်မှာ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

YBS လက်ပတ်အတုတွေ နဲ့ အနှောက်အယှက်ပေးတယ်ဆိုတာမျိုး အွန်လိုင်းပေါ်မှာ ကြားတယ်ဆိုရုံသက်သက်ပဲ ရှိပြီး YBS CallCenter ကို တိကျစွာတိုင်ကြားတာမျိုးမရှိသေးဘဲ စိတ်ပူစရာမလိုဘူးလို့ YBS Volunterr Callcanter ဗဟိုမှ တက်ကြွလှုပ်ရှားသူ ကိုအောင်ကျော်က ပြောထားပါတယ်။

အရင်တုန်းက လက်ပတ်တွေကို အများကြီး ထုတ်ပေးလိုက်ပေမဲ့ အခု သေချာစိစစ်ပြီးပေးနေတယ်လို့   YBS လုပ်အားပေးအဖွဲ့မှ တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း ပြောကြားထားပါတယ်။
ဇန်နဝါရီ ၁၉ ရက်က အခမဲ့ပြေးဆွဲတဲ့ကားတွေကို အချိန်ပြည့် ပြေးဆွဲတာမလုပ်ဖို့ သက်ဆိုင်ရာက မေတ္တာရပ်ခံပြီး စောင့်ကြည့်ခဲ့ရာမှာ ခရီးသည်တွေ အဆင်ပြေစွာသွားလာနိုင်တာကို တွေ့ရှိရတယ်လို့လည်း သိရပါတယ်။

YBS ကားတွေဟာ ယခင်နေ့ထက် ပိုများလာတာကြောင့် အဆင်ပြေပေမဲ့ ည ၇ နာရီခန့်မှာ ကားအလာကျဲကာ ခရီးသည်တွေ မှတ်တိုင်တွေမှာ များပြားနေခဲ့ပြီး အခက်အခဲရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်  ဒေါ်စိုးပပလှိုင်က ပြောထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Source: 7Day Daily: Duwun
Photos: Facebook

No comments:

Post a Comment