Latest News

Thursday, January 19, 2017

YBS အမှတ် ၇၀ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ် လူငါးဦး ဒဏ်ရာရ

YBS အမှတ် ၇၀ အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိုက်မှုဖြစ် လူငါးဦး ဒဏ်ရာရ

ရန်ကုန်။ ဇန်န၀ါရီ ၁၉

ဒီကနေ့မနက်ပိုင်းမှာ မဟာဗန္ဓုလတံတားအတိုင်းမောင်းနှင်လာတဲ့ YBS အများပိုင်ဘတ်စ်ကားလိုင်းအမှတ် ၇၀ ဟာ တံတားအတက်မှာအရှိန်မထိန်းနိုင်ဘဲ အရှေ့ကလိုက်ထရပ်ကားကို ဝင်တိုက်မိပြီးလိုက်ထရပ်ကားပေါ်မှာပါလာတဲ့ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါသူ စုစုပေါင်း ငါးဦးဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။

လိုက်ထရပ်ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်ငါးယောက်ဟာ ခေါင်းမူး၊ပွန်းပဲ့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။သူတို့ ရဲ့အခြေအနေ ကတော့မစိုးရိမ်ရဘူးလို့ ရန်ကုန်တိုင်းယာဉ်ထိန်းရုံးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး YBS အမှတ် ၇၀ ယာဉ်မောင်းကို ဒေါပုံမြို့မရဲစခန်းမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှု ယာဉ်(ပ)၃/၂၀၁၇ ၊ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၅/၂၇၉ တို့နဲ့အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။ ဇန်န၀ါရီလ ၁၆ရက်နေ့ကစတင်ကာ အများပိုင်ဘတ်စ်ကားစနစ် ပြေးဆွဲပြီးနောက် အခု ယာဉ်တိုက်မှုဖြစ်စဉ်ဟာ စတုတ္တအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့သုံးရက်တာအတွင်းမှာ အမှတ် ၄၀ အမှတ် ၁၀ အမှတ် ၃၃ ယာဉ် တွေ ဟာလည်း အရှိန်မထိန်းနိုင်ဘဲယာဉ်တိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်ကရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယာဉ်မတော်တဆမှု စုစုပေါင်း၂၇၀၆ မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Sources: ဝင်းနန္ဒာ ( ကုမုဒြာ )

No comments:

Post a Comment