Latest News

Thursday, January 19, 2017

ပြည်တွင်းရွှေဈေး အတက်ပိုင်းကို ပြန်လည် ဦးတည်

ပြည်တွင်းရွှေဈေး အတက်ပိုင်းကို ပြန်လည် ဦးတည်

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကမ္ဘာ့ရွှေဈေးအတက်ပိုင်းကို ပြည်လည်ဦးတည်နေတာကြောင့် ပြည်တွင်းရွှေဈေး အတက်ပိုင်းမှာပဲရှိနေနိုင်တယ်လို့ ရွှေဈေးကွက်လေ့လာသုံးသပ်သူတွေထံက သိရပါတယ်။

“ကမ္ဘာ့ဈေးက ၁၂၁၁ ကျပ် ကို ပြန်ရောက်လာတယ်၊ ကမ္ဘာမှာ ဒေါ်လာကလဲ ဝဒေ ဖြစ်နေတော့လေ၊ ပြည်တွင်းမှာ ငွေလဲနှုန်းလဲ ပြန်ကျဆင်းလာတယ်”လို့ ရွှေဈေး ကွက်လေ့လာသုံးသပ်သူ ကို အောင်ဆန်းက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ယနေ့မှာ ခုနစ်ပတ်တာအတွင်းအမြင့်ဆုံးဈေး ပြန်လည်ရောက်ရှိလာခဲ့ပါ တယ်။

သမ္မတသစ် အကူးအပြောင်း ကာလမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရွှေဈေးပြန်လည် မြင့်တက်လာရခြင်းဖြစ်တယ် လို့ သုံးသပ်ကြပါတယ်။

ကမıာ့ရွှေဈေးဟာ တစ်အောင် စကို ၁၁၉၇.၂၆ ဒေါ်လာရှိခဲ့ရာက နေ ရွှေဈေးဟာ ဝ့၅ ရာခိုင်နှုန်း တက်ကာ ၁၂၁၀   ဒေါ်လာရှိခဲ့ပြီး ဒါဟာ နိုဝင်ဘာ ၂၃ ရက်နေ့ နောက်ပိုင်းအမြင့်ဆုံးလည်း ဖြစ်ပါတယ်။

ဒါ ကြောင့် ကမ္ဘာ့ဈေးအတက်မှာ မြန် မာ့ရွှေဈေးတက်ပါတယ်။

ပြည်တွင်းရွှေဈေးဟာ လက်ရှိ မှာ ကျပ် ၈၇၀,ဝ၀ဝ ဝန်းကျင်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ပြည်တွင်းငွေလဲနှုန်း အအေး မှာ ကမ္ဘာ့ရွှေဈေးအမြင့်ကြောင့် ရွှေ ဈေး

အတက်ပိုင်းကို အရမ်း မရောက်နိုင်ဘူးလို့ သုံးသပ်ကြပါ တယ်။

ဈေးကွက်အရ ဇန်နဝါရီလဟာ ငွေဈးအေးတဲ့ရာသီဖြစ် တယ်လို့ သိရပါတယ်။

Sources: မိုးသိင်္ဂီဇော် ( ကုမုဒြာ )

No comments:

Post a Comment