Latest News

Friday, January 13, 2017

“ကုန်ဈေးနှုန်း တဲ့ကွ တက်ထား။ ဟိုင်းယား”

“ကုန်ဈေးနှုန်း တဲ့ကွ တက်ထား။ ဟိုင်းယား”

“ဒေါ်လာ ကလည်း လိုက်တက် လေ။ ဘာလုပ်နေတာလဲ”

“ရွှေဈေးနဲ့ ရေနံဈေးက မတက်နိုင် တော့ ဘူးလား။ မောသွား ပြီလား။ ကြိုး စား တက်ကြပါ ဦးဟ”

“ဆန်ဈေးရေ။ ငြိမ်မနေနဲ့။ အပြိုင် လိုက်တက်ပါဟ”

ရပ်ကွက်ထဲ အုံးအုံး ကြွက်ကြွက်နှင့် ဆူညံပွက်လော ရိုက်နေသည့် အသံ များ ကြောင့် အိမ်တွင်းအောင်းနေ သူများပါ မကျန် စိတ်ဝင်တစား ထွက်ကြည့် ကြသည်။

“ဘယ်သူတွေ လဲဟ။ ကုန်ဈေးနှုန်း တွေ တက်ခိုင်းနေတာ။ အလုပ် အကိုင် တွေ မကောင်းရတဲ့ ကြားထဲကွာ”

“ဟုတ်ပါ့တော်။ နိမိတ်မရှိ၊ နမာ မရှိ။ ညာသံပေး ပြီးတော့တောင် တက် ခိုင်းနေသေးတယ်။ အဲဒါ ဘယ်က မသာ တွေလဲ”

ရပ်ကွက် ထဲက လူများ လော်စပီ ကာသံ ထွက်ပေါ် လာရာနေရာသို့ ခဏ ချင်းပင် စုပြုံရောက်ရှိ လာကြသည်။ မြင် လိုက် ရသည့် မြင်ကွင်းကြောင့် အားလုံး ပါးစပ် အဟောင်းသား ဖြစ် ကုန်သည်။

ဆီများ သုတ်လိမ်း ထားသည့် ၀ါးဘိုးတိုင် ရှည်ကြီး တစ်တိုင်ကို မြေပြင် တွင် စိုက်ထူကာ ဘေးပတ်လည်၌ ချောတိုင် တက်သည့် အဖွဲ့များ အလှည့် ကျ ကုတ်ဖက် တွယ်တက်နေ ကြခြင်း ဖြစ်သည်။

“ပရိသတ်ကြီး အခု မြင်တွေ့နေ ရ တာတော့ လွတ် လပ်ရေးနေ့ ချော တိုင် တက် ပွဲ ဖြစ်ပါတယ်။ တိုင်ထိပ်ကို အရင် ဆုံး တက်နိုင်ပြီး အလံကို ယူနိုင်တဲ့ အဖွဲ့က ဆုတော်ငွေ ငါးသောင်း ရရှိမှာဖြစ်ပါ တယ်။ ဒါကြောင့် ပြိုင်ပွဲဝင် အဖွဲ့ ငါးဖွဲ့ ဖြစ်တဲ့ ကုန်ဈေးနှုန်း၊ ဒေါ် လာ၊ ရွှေဈေး၊ ရေနံဈေးနဲ့ ဆန်ဈေး တို့ဟာ တိုင်ထိပ်ကို အလုအယက် တက်နေ ကြတာကို တွေ့ မြင်ရ ပါ လိမ့်မယ်”

ထိုအခါမှ ပရိသတ်များ၏ အသံ ဆူဆူညံညံ ထွက်လာသည်။

”ပေးစရာ နာမည်ရှားလို့ ကွာ။ လခွမ်း”

“ဟုတ်ပ။ ဒီလို ပေါက်တီးပေါက် ရှာ စဉ်းစားပြီး ပြိုင်ခိုင်းတာ ဘယ် သေချင်းဆိုး လက်ချက်လဲ မသိဘူး”

“ဘယ်သူ ရှိရမလဲ။ မောင်စူပါဆို တဲ့ ငတိပဲ နေမှာပေါ့”

ပွဲစီစဉ်သူ မောင်စူပါက ပရိသတ် များနောက် နားမှနေ၍ သူတို့ ပြောသမျှ ပြုံးပြုံးကြီး နားထောင် နေလေသည်။

======================

ယခင် တစ်ပတ်က “ရန်ကုန် အိုင် ဒေါလ်” သီချင်းဆို ပြိုင်ပွဲ ကြီးကို အောင် မြင်စွာ စည်စည် ကားကား ကျင်းပ နိုင် ခဲ့သည့် မောင်စူပါ တစ်ယောက် ရပ် ကွက်ထဲတွင် ထန်းတက် လက်မှတ် ရသွား ခဲ့သည်။ ရပ်ကွက် လူကြီးများက တစ်ခုခု ကိစ္စရှိတိုင်း မောင်စူပါကို အရင် ဆုံး သတိရမိ ကြသည်။
ထို့ကြောင့် နှစ်သစ်၏ ပထမဆုံး အထိမ်း အမှတ်နေ့ ဖြစ်သည့် လွတ်လပ် ရေးနေ့ ပျော်ပွဲ ပြိုင်ပွဲများ ရပ်ကွက် အတွင်း ကျင်းပရေး တာဝန်အား မောင် စူပါကို ယုံယုံကြည် ကြည်ဖြင့် ပေးအပ် ခဲ့ လေသည်။ မောင်စူပါ ကလည်း ပြည်သူ တင်မြှောက် ထားသည့် အစိုးရသစ် လက် ထက် ပထမဆုံး လွတ်လပ်ရေးနေ့ ဖြစ် သဖြင့် အထူးခြားဆုံး ပြိုင်ပွဲများဖြစ် အောင် ပြုလုပ်ပေး မည်ဟု ကတိပေး ထားသည်။

မနက်စောစော စီးစီး မာရသွန် အပြေးပြိုင်ပွဲနှင့် စတင်ခဲ့သည်။ သို့သော် ရိုးရိုး မာရသွန် ပြိုင်ပွဲတော့ မဟုတ်။ တိုင်းရင်းသား ဖြစ်သူ များသာ ပါဝင် ယှဉ်ပြိုင်ခွင့် ရှိသည့် တိုင်းရင်းသား ပေါင်းစုံ မာရသွန် ပြိုင်ပွဲဖြစ်သည်။ တာလွှတ်သည့် နေရာတွင် စစ်မြေပြင်မှ အမြှောက်သံကို စပီကာဖြင့် ဖွင့်ပြီး အချက်ပြ လိုက် သည် နှင့်တပြိုင် နက် ပြိုင်ပွဲဝင် တိုင်းရင်းသားများ စပြေးရ မည် ဖြစ်သည်။ ပန်းတိုင်တွင်မူ “တရုတ် ပြည်” ဟု ရေးသား ထားသည့် ဆိုင်းဘုတ် လေးထောင် ထားပြီး ယင်းနေရာသို့ အ ရင် ဆုံးရောက် သူက ဗိုလ်စွဲမည် ဖြစ် သည်။ လမ်းတွင် “ငြိမ်းချမ်းရေးဆွေး နွေးပွဲ” ဟု ရေးထားသည့် နေရာများ၌ ရေနှင့် အစားအစာများ ယူဆောင် စား သောက်နိုင်မည် ဖြစ်သည်။

အပြေး ပြိုင်ပွဲ ပြီးသည့်အခါ ဒုတိယ မြောက် ကျင်းပ သည့် ပြိုင်ပွဲက ဘော်လီ ဘော ပြိုင်ပွဲဖြစ် သည်။ ယင်းပြိုင်ပွဲ တွင် လည်း ထူးခြားချက် အနေဖြင့် အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းများ ကိုသာ ပါဝင် ယှဉ်ပြိုင်ခွင့် ပေးထားသည်။ အစိုးရ ၀န်ထမ်း များ အဆင့်ဆင့် ဘောလီ ဘောပုတ် သွားပြီး ကိုယ့်ဘက် ဘောလုံး မကျအောင် သေသေသပ်သပ် ကာကွယ်ကြ ပုံများက လှပလွန်း သဖြင့် ပရိသတ်များ အထူး စည်ကားခဲ့သည်။ ပိုမို သရုပ်ပါ စေရန် အတွက် ဘောလီဘောပေါ်တွင် “တာဝန်”ဟူသော စာလုံးကြီးကို ထင်း နေအောင် ရေးပေး ထားလေသည်။

ဘောလီဘော ပြိုင်ပွဲပြီး သည့်အခါ တွင်မူ အထက်တွင် ဖော်ပြခဲ့သော ချော တိုင် တက်ပွဲကို ပြုလုပ်သည်။ ကုန်ဈေး နှုန်း၊ ဒေါ်လာ၊ ရွှေဈေး၊ ရေနံဈေးနှင့် ဆန်ဈေးဟူသည့် အဖွဲ့ ငါးဖွဲ့က ချော တိုင်ကို အကြိတ်အနယ် တက်ကြသည်။ ဒေါ်လာအဖွဲ့မှာ အမြင့်ဆုံး သို့ရောက် သွားပြီး အလံကို ရလုရခင် တွင် ပြန် လျှောကျ သွားသည်။ ကုန်ဈေးနှုန်းမှာမူ ဖြည်းဖြည်း မှန်မှန်ဖြင့် တအိအိ တက်ရင်း အမြင့်ဆုံးသို့ ရောက်သွားကာ ဗိုလ်စွဲ ခဲ့သည်။ သူ၏နောက်မှ ရွှေ ဈေး၊ ရေနံဈေး၊ ဆန်ဈေးတို့မှာ မတိမ်း မယိမ်း လိုက်တက် လာနိုင်ကြသည်။

နောက်ထပ် ကျင်းပသည့် ပြိုင်ပွဲက ထုပ်ဆီးတိုး ပြိုင်ပွဲဖြစ်သည်။ ယင်းပြိုင် ပွဲတွင် လည်း အဖွဲ့များ ခွဲပြီး ယှဉ်ပြိုင်စေ ခဲ့ရာ အကြိတ် အနယ် အရှိဆုံးပွဲမှာ လမ်း ဘေးဈေးသည် အဖွဲ့နှင့် စည်ပင်အဖွဲ့ တို့ ဖြစ်ကြသည်။ စည်ပင်က တားထား သည့် စည်းအတွင်း လမ်းဘေးဈေး သည်များက အလစ်ဝင်ရန် ကြိုးစားကြ သည်။ တစ်ချို့က လွတ်သွားသော် လည်း တစ်ချို့ကို ဖမ်းမိ သွားသည့်အခါ အစမှ ပြန်တိုး ကြရသည်။ တခါတရံတွင် အ ငြင်း အခုန်များ ဖြစ်ရာမှ စကားများပြီး သတ်မည်ဖြတ်မည် ဟုပင် ခြိမ်းခြောက် မှုများရှိလာသ ဖြင့် ဒိုင်များက ၀င်ထိန်းရ သည်။

နေ့လည် ပိုင်းတွင် ခေါင်းအုံးရိုက် ပွဲကို ကျင်းပပေးသည်။ အဆိုပါ ပြိုင်ပွဲ တွင် နိုင်ပွဲ ဆက်နေသူက ကားစပယ်ယာ မောင်ကောင်း ဖြစ်သည်။ သူ၏ ပြိုင် ဘက်များကို ခေါင်းမဖော်နိုင်အောင် ဆက်တိုက် ရိုက်ချပြီး တစ်ပွဲပြီး တစ်ပွဲ နိုင်ပွဲများ ဆက်နေသည်။ အသားညိုညို၊ ဆံပင်တိုတိုနှင့် လူတစ်ယောက် တက် လာသည့်အခါတွင်မူ စပယ်ယာမောင် ကောင်း ၀ဋ်လည်တော့သည်။ ထိုသူက ဘယ်ပြန် ညာပြန် ဆက်တိုက် ရိုက်ပြီး မောင်ကောင်းကို မလှုပ်နိုင်အောင် ဖိ အားပေး ထားသည်။ နောက်ဆုံးတော့ မောင်ကောင်းလည်း ဆက်ပြီး တောင့် မခံနိုင်တော့ဘဲ စင် ပေါ်မှပြုတ် ကျကာ အရှုံးပေး လိုက်ရသည်။ အနိုင်ရ သွား သည့် ပုဂ္ဂိုလ်က သူ့ကိုယ်သူ ရဲတစ် ဦး ဖြစ်ကြောင်း ၀န်ခံသွား ခဲ့သည်။

နောက်ထပ် ကျင်းပသည့် တစ်ပွဲက သုံးချောင်းထောက် အပြေး ပြိုင်ပွဲ ဖြစ် သည်။ သုံးချောင်းထောက် ဆိုသည်မှာ လူနှစ်ယောက် ၏ ခြေထောက် တစ် ချောင်းစီကို ပူးချည်ပြီး အတွဲလိုက် အ ပြေးပြိုင် ရခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲ သို့ ၀င်ပြိုင် ကြသည့် အတွဲများ အနက် ရဲနှင့် ရှေ့နေ အတွဲက ယာဉ်ထိန်းရဲနှင့် စည်ပင်အတွဲကို နှာတစ်ဖျား အသာရ ကာ ဗိုလ်စွဲသွားခဲ့သည်။

နောက်ဆုံးပိတ် ပြိုင်ပွဲမှာ မသန် စွမ်းဘောလုံး ပြိုင်ပွဲဖြစ်သည်။ ယှဉ်ပြိုင် ကြမည့် အသင်းနှစ်သင်းမှာ မျက်မမြင် ဘောလုံး အသင်းနှင့် စိတ်ရောဂါဝေ ဒနာ ရှင် အသင်းတို့ ဖြစ်ကြသည်။ မျက်မမြင် အသင်းမှာ ကွင်းထဲ စရောက်သည်နှင့် မမြင်မစမ်း ရမ်းသမ်း ကန်ကြသော်လည်း  အချိန်တော်တော် ကြာသည်အထိ ဘော လုံး ကိုပင် ထိအောင် မကန်နိုင်ဘဲ ဖြစ်နေ သည်။ ထို့ကြောင့် ကြည့်ရှုသူ ပရိသတ် များက မျက်မမြင် များထက် စာလျှင် စိတ်ဝေဒနာရှင် များက အနိုင်ရ ရန် အခွင့်အလမ်း ပိုကောင်းသည်ဟု ယူဆ ကြပြီး တခဲနက် အားပေးကြလေ သည်။

သို့သော် မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့ပေ။ စိတ်ဝေဒနာရှင် များက ဘောလုံးကို  စိတ်ကြိုက်ဆွဲပြေး ကန်သွင်းခွင့် ရနေသော်လည်း ပြိုင်ဘက်ဂိုး တစ်ဘက်တည်း တင်မကဘဲ ကိုယ့်ဂိုး ကိုယ်ပါ တစ်လှည့်စီ ပြန်ကန် သွင်းနေ ကြသဖြင့် နောက်ဆုံးတွင် ဂိုး ရလဒ်တူ သရေကျကာ ပူးတွဲချန်ပီယံ အဖြစ် သတ်မှတ် လိုက်ရလေတော့သည်။

(မောင်စူပါ)

Sources Writer; Zin Thaw Naing

No comments:

Post a Comment