Latest News

Saturday, January 14, 2017

YBS ယာဉ်လိုင်းများနှင့် ပတ်သက်သည်များကို ကူညီရှင်းပြပေးမည့် Volunteer များအတွက် စာရင်းကောက်ယူ

YBS ယာဉ်လိုင်းများနှင့် ပတ်သက်သည်များကို ကူညီရှင်းပြပေးမည့် Volunteer များအတွက် စာရင်းကောက်ယူ

ရန်​ကုန်​ ဇန်​နဝါရီ ၁၄

Yangon Bus Service (YBS) စတင်​​ပြောင်းလဲမည့်​ ဇန်​နဝါရီ ၁၆ရက်​​နေ့မှ၂၀ရက်​​နေ့အတွင်း Volunteer အဖြစ်​ပါဝင်​လုပ်​ကိုင်​လိုသူများအ​နေဖြင့်​ ဇန်​နဝါရီ ၁၄ရက်​​နေ့နှင့်​၁၅ရက်​​နေ့ နှစ်​ရက်​အတွင်း ရန်​ကုန်​မြို့၊မြို့​တော်​ခန်းမ​ရှေ့ရှိမဟာဗန္ဓုလပန်းခြံအတွင်းတွင်​ ​စာရင်း​ကောက်​ယူသွားမည်​ဖြစ်​ပြီး ယ​နေ့ နံနက်​၁၀နာရီမှစတင်​​ကောက်​ယူ
လျက်​ရှိသည်​။

ဇန်​နဝါရီ ၁၄ ရက်​​နေ(ယ​နေ့)တွင်​ Volunteer ၃ရက်​မှ၅ရက်​အထိ ကူညီ​ဆောင်​ရွက်​​ပေးလိုသူများအ​နေဖြင့်​ စာရင်းပေးသွင်းနိုင်​ပြီး ဇန်​နဝါရီ ၁၅ရက်​​နေ့တွင်​ Volunteer အဖြစ်​ ၁ရက်​၊၂ရက်​နှင့်​အချိန်​ပိုင်း​ကူညီ​ဆောင်​ရွက်​လိုသူများကစာရင်းလာ​ရောက်​​ပေးသွင်းနိုင်​​ကြောင်းသိရသည်​။

YBS စနစ်​စတင်​​ပြောင်းလဲသည့်​ ပထမငါးရက်​အတွင်း အသိ​ပေးစာ​စောင်​ ၅သိန်းကို ခရီးသွားပြည်​သူများကိုအခမဲ့ဖြန့်​​ဝေသွားမည်​ဖြစ်​ပြီး မှတ်​တိုင်​အားလုံး၌ ယာဉ်​လိုင်းများနှင့်​ပတ်​သက်​သည်​များကို ကူညီရှင်းပြ​ပေးမည့်​ Volunteer တစ်​​ယောက်​အနည်းဆုံးထားရှိ​ပေးသွား မည်ဖြစ်သည်။

Sources; Popular

No comments:

Post a Comment