Latest News

Saturday, January 14, 2017

စနစ်သစ်မှာ ပါဝင်ပြေးဆွဲခြင်းမရှိတဲ့ CNG ဘတ်စ်ကားတွေ CNG ထည့်လို့ရတော့မှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်ေပြော

စနစ်သစ်မှာ ပါဝင်ပြေးဆွဲခြင်းမရှိတဲ့ CNG ဘတ်စ်ကားတွေ CNG ထည့်လို့ရတော့မှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ်ေပြော

အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်သစ်မှာ ပါဝင်ပြေးဆွဲခြင်းမရှိတဲ့ CNG ဘတ်စ်ကားတွေအနေနဲ့ CNG ထည့်လို့ရတော့မှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဇန်န၀ါရီလ (၁၄) ရက် ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

 နိုင်ငံတော်က ဘတ်စ်ကားတွေ ကို CNG တပ်ပေးခဲ့တာဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် လုပ်ဆောင်ပေးတာဖြစ်တယ်လို့လည်း ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

 နောက်ပိုင်းမှာ တစ်ဦးချင်း တစ်ယောက်ချင်း CNG တွေကို ကိုင်ဆောင်ခွင့်ပေးမှာမဟုတ်ပဲ ကုမ္ပဏီတွေအလိုက်သာ CNG ခွဲတမ်းပေးအပ်မှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

လတ်တလော အစိုးရ CNG အရောင်းဆိုင်တွေမှာသာ CNG ထည့်နိုင်တဲ့အတွက် အခက်အခဲတွေ ရှိတဲ့အပေါ် အဆင်ပြေစေဖို့ ယာဉ်လိုင်းတွေက ပိုင်ဆိုင်တဲ့ CNG ဆိုင်တွေကို စနစ်တကျ တည်ဆောက်ပေးမယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

လတ်တလော ဘီအမ်နဲ့ ဒိုင်နာယာဉ်တွေကို ဆက်လက်ပြေးဆွဲ ခွင့်ပြုမှာဖြစ်ပေမယ့်လည်း ရန်ကုန်မြို့ထဲမှာ ပတ်ပြေးနေမယ့် ယာဉ်လိုင်းတော်တော်များများကိုတော့ အဆင့်မီကားတွေ နဲ့ပြေးဆွဲပေးမှာဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

Sources; သတင်းထောက် - ပြည်ဟိန်းသော် (5 PLUS NEWS)

No comments:

Post a Comment