Latest News

Saturday, January 14, 2017

Yangon Bus Service Official app ထွက်​လာပါပြီ.. Android သမား​တွေအတွက်​ပါ

Yangon Bus Service Official app ထွက်​လာပါပြီ..
Android သမား​တွေအတွက်​ပါ

(IOS ပန်းသီးသမား​တွေလည်း ရ​လောက်​ပြီထင်​ပါတယ်​..)

သုံးရတာ ​တော်​​တော်​ အဆင်​​ပြေပါတယ်
နောက်​ပိုင်းကျရင်​​တော့ တဖြည်းဖြည်းပိုပြီး ပြည့်​စုံလာမယ်​လို့ ​မျှော်​လင့်​ပါတယ်​...

ယခု App မှာ​တော့ GPS ဖြင့်​ ရှာ​ဖွေနည်း၊ မှတ်​တိုင်​ဖြင့်​ရှာ​ဖွေနည်းဆိုပြီး နှစ်​မျိုးသုံးလို့ရပါတယ်

GPS နဲ့ရှာ​ဖွေတာက​တော့ app ကိုဖွင့်​ပြီး Location ( မိမိဖုန်းတွင်​ Location on ထားရပါမယ်​) ကိုနှိပ်​လိုက်​တာနဲ့ မိမိရဲ့တည်​​နေရာကို ပြမှာဖြစ်​ပြီး မိမိနဲ့အနီးဆုံးက ကားမှတ်​တိုင်​ကို ​မြေပုံကတဆင့်​နှိပ်​ပြီး ဝင်​ကြည့်​လို့ရပါတယ်
မိမိသွားလိုရာကိုလည်း ​မြေပုံ​ထောက်​ပြီး လမ်း​ကြောင်းပြကို နှိပ်​တာနဲ့ ဘယ်​ကားစီးရမယ်​ဆိုတာကို ပြ​ပေးပါလိမ့်​မယ်

ကားမှတ်​တိုင်​ဖြင့်​ရှာ​ဖွေရင်​​တော့ Search ပုံ​လေးကို နှိပ်​လိုက်​ရမည်​ဖြစ်​ပြီး ပထမဆုံး မိမိ​ရောက်​​နေတဲ့ မြို့နယ်​နဲ့ မှတ်​တိုင်​အမည်​အပြင်​ မိမိသွားလိုသည့်​ ​နေရာရဲ့ မြို့နယ်​နဲ့ မှတ်​တိုင်​အမည်​ပါ သိထားရမှာဖြစ်​ပါတယ်
စထွက်​ခွာမည့်​​နေရာမှာ မြို့နယ်​ကို နှိပ်​၊ ပြီးရင်​ မိမိ​ရောက်​​နေတဲ့ မှတ်​တိုင်​ကိုနှိပ်​ရပါမယ်
နောက်​တဆင့်​ ကိုယ်​သွားလိုသည့်​ ​နေရာရဲ့ မြို့နယ်​နဲ့ မှတ်​တိုင်​အမည်​ကို နှိပ်​ထည့်​ပြီး လမ်း​ကြောင်းဆွဲလိုက်​ရင်​ ဘယ်​ကားစီးရမယ်​၊ ကားနှစ်​ဆင့်​ဆိုလည်း ဘယ်​မှတ်​တိုင်​မှာ ​နောက်​တဆင့်​ ဘယ်​ကားကို စီးရမယ်​ဆိုတာ ပြ​ပေးပါလိမ့်​မယ်

မြေပုံကို ကြည့်​ပြီးသွားတတ်​သူများအတွက်​ အရမ်းကိုအဆင်​​ပြေပါတယ်
မြေပုံကို ချဲ့ပြီး မိမိသွားလိုသည့်​​နေရာမှ အနီးဆုံးမှတ်​တိုင်​ကို မှတ်​သားပြီး သွားလို့ရပါတယ်

ဒီ App ကိုသုံးမယ်​ဆိုရင်​ မိမိဖုန်းကို GPS - On ထားပြီး GPS နဲ့ ရှာ​ဖွေ သွားလာလို့ရပါတယ်
မဟုတ်​ရင်​​လည်း ကားလိုင်းနံပါတ်​​တွေကို ကြည့်​ပြီး အကြမ်းဖျင်းမှတ်​သားလို့ရပါတယ်
အရမ်းအ​သေးစိတ်​ချင်​ရင်​​တော့ ​မြေပုံ​ပေါ်လက်​​ထောက်​ပြီးဖြစ်​ဖြစ်​၊ မှတ်​တိုင်​အမည်​​တွေကတဆင့်​ဖြစ်​ဖြစ်​ သွားလာလို့ရပါတယ်

မိမိအ​နေနဲ့ ဘယ်​မြို့နယ်​မှာ​နေပြီး ဘယ်​မှတ်​တိုင်​နဲ့နီးတယ်​ဆိုတာ​တော့ သိထားရင်​မဆိုးပါဘူး 😃
နောက်​တဆင့်​အ​နေနဲ့ ကိုယ်​သွားမယ့်​​နေရာရဲ့ မြို့နယ်​နဲ့ မှတ်​တိုင်​အမည်​သိရင်​​တော့ မာန်​နတ်​ဆင်းဖျက်​ရင်​​တောင်​ ကိုယ့်​ရဲ့လိုရာခရီးကို အ​ရောက်​သွားနိုင်​ပါလိမ့်​မယ်

ကားမှတ်​တိုင်​များနှင့်​ ဘတ်​စ်​ကားများ​ပေါ်မှ လမ်းညွှန်​​မောင်​မယ်​များကလည်း ကူညီပြသ​ပေး​နေမှာ ဖြစ်​တဲ့အတွက်​ အရမ်းကြီးလည်း မခက်​ခဲ​လောက်​ပါဘူးလို့ ထင်​မိပါတယ်​...

ရန်​ကုန်​မှာ​နေပြီး အဲ​လောက်​မှ မနပ်​ရင်​လည်း မန်း​လေးမှာ​ပြောင်း​နေကြပါလို့ 😃😃😃( မန်း​လေးသား​တွေကို ရန်​စတာ)

အောက်​မှာ Yangon Bus Service Official ကို အဆင်​​ပြေတဲ့​နေရာမှ ​ဒေါင်းယူနိုင်​ပါပြီ...

Pcloud

https://my.pcloud.com/publink/show?code=XZotGwZ62M4QDjQ3qpp5n0GE6KTOHYxvWVk

Google Drive

https://drive.google.com/file/d/0BzYu4tuWFf-5QURiVnlhQUp5NUU/view?usp=drivesdk

Dropbox

https://www.dropbox.com/s/xpxvil4im1yz710/mm.technomation.yangonbus_7.apk?dl=0

Play Store

https://play.google.com/store/apps/details?id=mm.technomation.yangonbus

အဆင်​​ပြေကြပါ​စေ..

Sources Writer; YaeTayZa@​တောကဘကြီး

1 comment:

  1. Please write the bus guide in myanglish too because me and foreigners can't read burmese.
    And i also would like to ask for more bus lines. HMAW PYI.SHWE PI THAR.HLAING TAR YAR.MINGALARDON.EAST NORTH DAGON.NORTH EAST OOKALAR PA.TINGANGYUN.and from many other places directly to SULE.LATHALANMADAW. because many people who are working in downtown come from far places and now they have to take 2-3 steps of buses then they have to pay more for people who are poor 200 khats double or triple are also much money.I can pay for bus like that but i too miss the old busses lines because they were mostly 1 step only.and i know this YBS doing for good of Yangon but some busses drivers are still swearing and driving fast like racers.i wish to have many more bus lines and directly lines and be successful business of YBS and also wishing for many new busses with Aircon.Good Luck to the person made this YBS.PLEASE HELP THE PEOPLE LIKE I ASK TOO.

    ReplyDelete