Latest News

Saturday, January 14, 2017

မစ်ဒယ်ဝိတ် ရွှေခါးပတ်စိန်ခေါ်ပွဲမှာ အောင်လအန်ဆန် ရှုံးနိမ့်

မစ်ဒယ်ဝိတ် ရွှေခါးပတ်စိန်ခေါ်ပွဲမှာ အောင်လအန်ဆန် ရှုံးနိမ့်

ONE Championship ရဲ့ မစ်ဒယ်ဝိတ် ချန်ပီယံရွှေခါးပတ် စိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဗီတာလီဘစ်ဒက်ရှ်(Vitaly Bigdash)က မြန်မာပရိသတ်တွေရဲ့ အသည်းကျော် ကချင်လူမျိုး ကိုယ်ခံပညာရှင် အောင်လအန်ဆန်ကို အနိုင်ရခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ မစ်ဒယ်ဝိတ် ချန်ပီယံလုပွဲဟာ အစောပိုင်း နှစ်ချီမှာ အထနှေးခဲ့ပါတယ်။ ဒါပေမဲ့ တတိယအချီမှာ ဗီတာလီရဲ့  ဘယ်ခြေအမြင့်ကန်ချက် မေးရိုးကို ထိမှန်ခဲ့တဲ့အတွက် အောင်လအန်ဆန် ယိုင်ထွက်သွားခဲ့ပါတယ်။ ဒီနောက်မှာ ဗီတာလီရဲ့ တံတောင်ရိုက်ချက်တွေကြောင့် အောင်လရဲ့ မျက်နှာတစ်ခုလုံး သွေးချင်းချင်း နီသွားခဲ့ပါတယ်။

ငါးချီအပြီးမှာတော့ ဒိုင်တွေအားလုံးက ဗီတာလီကို တစ်ညီတစ်ညွတ်တည်း အနိုင်သတ်မှတ်ပေးခဲ့ကြပါတယ်။ ဒီအတွက် ဗီတာလီဟာ ကစားသမားဘ၀တစ်လျှောက် ၉ ပွဲဆက်တိုက် ရာနှုန်းပြည့် အနိုင်ရခဲ့သူ ဖြစ်လာပါတယ်။

Sources; Nz (ရိုးရာလေး)

No comments:

Post a Comment