Latest News

Sunday, January 8, 2017

Telenor Network ဖြင့် စာတိုပေးပို့လက်ခံမှု ၇ ဘီလီယံကျော်ရှိဟု ဆို

Telenor Network ဖြင့် စာတိုပေးပို့လက်ခံမှု ၇ ဘီလီယံကျော်ရှိဟု ဆို



Telenor ကွန်ရက်အသုံးပြုကာ စာတိုပေးပို့လက်ခံမှု ၇ ဘီလီယံကျော်ရှိလာကြောင်း သိရသည်။

လက်တလော အချက်အလက်များအရ တယ်လီနောကွန်ရက်အတွင်း စာတိုပေးပို့လက်ခံမှု အရေအတွက်သည် ၂၀၁၆ ခုနှစ် အတွင်း ၇.၂ ဘီလီယံအထိ စံချိန်တင် ရောက်ရှိခဲ့ကြောင်း၊ စာတိုပေးပို့မှု အမြင့်မားဆုံး အချိန်ကာလဖြစ်သည့် နှစ်သစ်မကူးမီ ဒီဇင်ဘာလ ၃၁ ရက် ည ၁၁ နာရီ နှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် မနက် ၂ နာရီအတွင်း စာတိုပေးပို့မှု အရေအတွက် ၁.၄ သန်းကျော်ရှိခဲ့ကြောင်း ဆိုသည်။

“မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ တခြား စာတိုပေးပို့တဲ့ အက်ပလီကေးရှင်းတွေကို ပိုမိုသုံးစွဲလာကြပေမဲ့ SMS စာတိုပေးပို့မှု စနစ်ဟာ အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ဆက်သွယ်ရေးကဏ္ဍမှာ အထိရောက်ဆုံး လမ်းကြောင်းတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Lars Erik Tellmann ကပြောသည်။

Sources; Internet Journal

No comments:

Post a Comment