Latest News

Sunday, January 8, 2017

BRT များ လမ်းကြောင်းပြန်လည်လျှောက်ထားရမည်

BRT များ လမ်းကြောင်းပြန်လည်လျှောက်ထားရမည်

ပြေးဆွဲနေသည့် BRT ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)

အများပိုင်ဘတ်စ်ကား များ စုပေါင်းပြေးဆွဲသည့်စနစ် တွင် BRT-Lite ယာဉ်များလည်း ပါဝင်သောကြောင့် လမ်းကြောင်း ပြန်လည်လျှောက်ထားရမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ ရှယ်ယာထည့်ဝင်မှု ၅၁ ရာခိုင်နှုန်းပါဝင်နေသည့် BRT-Lite ယာဉ်များသည် အခြားဘတ်စ်ကားလိုင်းများနည်းတူ ယာဉ်လမ်းကြောင်း ၅၇ခုထဲမှပြေး ဆွဲလိုသည့်လမ်းကြောင်းများပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘အားလုံးတန်းတူပါပဲ။လမ်း ကြောင်းအသစ်ပြန်ရွေးကြရမှာ’’ ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့၏ ပထမဆုံး BRT-Lite ယာဉ်လိုင်းကို ၂၀၁၆ ဖေဖော်ဝါရီ ၇ရက်က ကား ၁၈စီး ဖြင့် စတင်ပြေးဆွဲခဲ့ပြီး စီးနင်းသူများပြားလာကာ တစ်နှစ်အတွင်း ယာဉ်လမ်းကြောင်း သုံးခုတိုးချဲ့၍ ယာဉ်၆၅စီးဖြင့်ပြေး ဆွဲနေသည်။

‘‘အများပိုင်စနစ်ကိုတော့ ဒီ လိုင်းက စံပြအနေနဲ့ စပြောင်းခဲ့ တာပေါ့။ အခုအားလုံးစလုပ်မယ် ဆိုတဲ့အခါမှာ ပြန်ပြီးလမ်းကြောင်း ကရွေးရတယ်။ လက်ရှိတော့ကျွန် တော်တို့လိုင်းက ပြည်လမ်း ကြောင်းကို ရွေးထားတယ်။ ဆုံး ဖြတ်ချက်ကတော့ဘယ်လိုလာဦး မလဲမသိဘူးပေါ့လေ’’ဟု BRT- Liteယာဉ်လိုင်းပြေးဆွဲနေသည့် ရန်ကုန်ဘတ်စ်ကားများနှင့်သက် ဆိုင်သောကုမ္ပဏီဒုတိယအထွေ ထွေမန်နေဂျာဦးသွင်ထူးကျော်က ပြောသည်။

အများပိုင်ဘတ်စ်ကားပြေး ဆွဲမှုစနစ်စတင်ပါက လမ်း ကြောင်းအားလုံးတွင်ပြေးဆွဲမည့် ကားများမှာလက်ရှိပြေးဆွဲအသုံး ပြုနေရမည့် ယာဉ်လိုင်းအမည်နှင့်နံပါတ်များကို ဆက်လက်အသုံးပြုခွင့်ရရှိတော့မည်မဟုတ်ဘဲ စနစ်အသစ်တွင် အသုံးပြုမည့် လမ်းကြောင်းနံပါတ်များကိုသာ တပ်ဆင်ကြရမည်ဖြစ်သည်။

ထို့ကြောင့်အများပိုင်ဘတ်စ် ကားပြေးဆွဲမှုစနစ်မစမီ ဇန်န၀ါရီ ၁၅ရက်တွင် မထသအပါအ၀င် ပါရမီ၊ ရွှေဧည့်သည်၊အဓိပတိ၊ သန်မြန်သူစသည့်ယာဉ်လိုင်း အားလုံးမှာ ၎င်းတို့ယာဉ်လိုင်းအမည်များကို ဖြုတ်သိမ်းကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Sources; 7 Day News Journal

No comments:

Post a Comment