အင်းတော်မြို့နယ် ညောင်ကုန်းကျေးရွာအနီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာမှ ယမ်းပြုလုပ်ရာတွင် အသုံးပြုသော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ညောင်ကုန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားလမ်း၌ ဇန်န၀ါရီ ၇ ရက်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာမှ ယမ်းပြုလုပ်ရာတွင် အသုံးပြု သော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့ကြောင်း အင်းတော်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၇ ရက် နံနက် ၁၁ နာရီ၁၅ မိနစ်က ညောင်ကုန်းကျေးရွာအနီး၌ ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ဝေလှိုင်ထွန်း၊ ယာဉ်နောက်လိုက် ဇော်မျိုးလတ်တို့ မောင်းနှင်ပြီး မန္တလေးမှ ဖားကန့်သို့ ကုန်မျိုးစုံ တင်ဆောင်လာသော ယာဉ်အမှတ် 8M-5254 ကင်တာ အမျိုးအစားခြောက်ဘီးယာဉ်မှာ ရွှေဘို-မြစ်ကြီးနားလမ်း မိုင်တိုင်အမှတ် ၁၂၁/၁ နှင့်၂ ကြားတွင် လမ်း၏ ညာဘက်သို့ အရှိန်လွန် တိမ်းမှောက်နေပြီး ယာဉ်ပေါ်တွင် လူသုံးကုန်ပစ္စည်းများနှင့် ရော၍ အကောက်ခွန်မဲ့ သယ်ဆောင်လာသော တရုတ်စာတမ်းပါ တစ်အိတ်လျှင် ၄၀ ကီလိုဂရမ်ခန့် ပါဝင်သည့် ဓာတ်မြေသြဇာအိတ် ၄၂ အိတ် ကာလတန်ဖိုး ကျပ် ၃၁၅၀၀၀ အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထို့ကြောင့် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်လာသူ ဝေလှိုင်ထွန်း (ပြေး) နေရပ်စုံစမ်းဆဲ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဇော်မျိုးလတ် (၂၁ နှစ် )(ဘ) ဦးဝေလင်း တောင်တွင်းကြီးမြို့နယ် မကွေးတိုင်းဒေသကြီးနေသူတို့အား အင်းတော်မြို့မရဲစခန်းမှ ယာဉ်(ပ) ၂/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ (ပ)၄/၂၀၁၇ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Sources; စိုးစံ (အင်းတော်) Eleven
Sunday, January 8, 2017
အင်းတော်မြို့နယ် ညောင်ကုန်းကျေးရွာအနီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာမှ ယမ်းပြုလုပ်ရာတွင် အသုံးပြုသော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ
အင်းတော်မြို့နယ် ညောင်ကုန်းကျေးရွာအနီး ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာမှ ယမ်းပြုလုပ်ရာတွင် အသုံးပြုသော အမိုနီယမ်နိုက်ထရိတ်များ ဖမ်းမိ
Reviewed by Ar Ti
on
11:15 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment