Latest News

Saturday, January 14, 2017

ဂျပန်ကုမ္ပဏီ Takata က လေအိတ်အရှုပ်တော်ပုံအတွက် အမေရိကန်၌ ဒေါ်လာတစ်ဘီလျံပေးရန် သဘောတူ

ဂျပန်ကုမ္ပဏီ Takata က လေအိတ်အရှုပ်တော်ပုံအတွက် အမေရိကန်၌ ဒေါ်လာတစ်ဘီလျံပေးရန် သဘောတူ


ကမ္ဘာတွင် မော်တော်ကားလေအိတ် အများဆုံးရောင်းချသည့် ဂျပန်ကုမ္ပဏီ Takata က အသက်အန္တရာယ် ထိခိုက်စေခဲ့သော လေအိတ်အရှုပ်တော်ပုံအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး ကျေအေးရန်အတွက် ဒေါ်လာ တစ်ဘီလျံပေးရန် သဘောတူညီခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ဇန်န၀ါရီ ၁၃ တွင် ကြေညာခဲ့သည်။

Takata ၏ အမှုဆောင်အရာရှိသုံးဦးကို အမေရိကန်က တရားစွဲဆိုထားပြီး လေအိတ်ပေါက်ကွဲမှုများကြောင့် ဖြစ်ပွားခဲ့သည့် အရှုပ်တော်ပုံအတွက် ပထမဆုံးစွဲချက်တင်မှု ဖြစ်ခဲ့သည်။ အမေရိကန်ကားလုပ်ငန်းတွင် ဘေးကင်းလုံခြုံမှုဆိုင်ရာ ကျိုးပေါက်မှုကြောင့် ကားများအများဆုံး ပြန်လည်သိမ်းယူခဲ့ရသော Takata ၏ လေအိတ်အရှုပ်တော်ပုံကြောင့် ကမ္ဘာတစ်ဝန်းတွင် ၁၆ ဦးသေဆုံးခဲ့ပြီး ၁၀၀ ဒဏ်ရာရရှိခဲ့ကြောင်း မစ်ချီဂန်တွင် ဖယ်ဒရယ်တရားရုံး၌ လျှောက်ထားခဲ့သည့် အထောက်အထားများက ဖော်ပြခဲ့သည်။

လေထုညစ်ညမ်းစေသော ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုအား လိမ်လည်သည့် ဗောက်စ်ဝက်ဂွန်ကုမ္ပဏီ၏ ဒီဇယ်ဂိတ် အရှုပ်တော်ပုံအတွက် အမှုဆောင်ခြောက်ဦးအား အမေရိကန်က တရားစွဲဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် Takata ၏ သဘောတူညီမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သမ္မတဘာရက်အိုဘားမား အစိုးရ၏ နောက်ဆုံးနေ့ရက်များတွင် ကော်ပိုရေးရှင်းများအား အရေးယူမှုများ အရှိန်မြှင့်ဆောင်ရွက်နေချိန်၌ Takata က ကျေအေးမှုဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

အခြေအနေအား ကုစားရန်အတွက် Takata က ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ကုမ္ပဏီ၏ အမှုဆောင်ချုပ် ရှီဂေဟီဆာတာကာဒါက ပြောကြားခဲ့သည်။ Takata ၏ လေအိတ်ပေါက်ကွဲမှု အရှုပ်တော်ပုံသည် ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး Takata ၏ လေအိတ်များ ချို့ယွင်းမှုကြောင့် ဂျင်နရယ်မော်တာ၊ ဟွန်ဒါ၊ ဘီအမ်ဒဗလျူ၊ တက်စလာတို့အပါအ၀င် အဓိက ကားကုမ္ပဏီကြီးများသည် ကားအမြောက်အမြား ပြန်လည်သိမ်းယူခဲ့ရသည်။ အမေရိကန် တရားရေးဌာနနှင့် သဘောတူညီမှုအရ Takata သည် ဒဏ်ငွေဒေါ်လာ ၂၅ သန်း ပေးမည်ဖြစ်ပြီး ထိခိုက်ခဲ့ရသော ဓားစာခံများအား လျော်ကြေးပေးရန် ရန်ပုံငွေ ဒေါ်လာ ၁၂၅ သန်းကို Takata က ထူထောင်ပေးမည် ဖြစ်သည်။ ထို့ပြင် ကားများပြန်လည်သိမ်းယူခဲ့ရသော ကားကုမ္ပဏီများအား Takata က ဒေါ်လာ သန်း ၈၅၀ ပေးမည် ဖြစ်သည်။ လေအိတ်ချို့ယွင်းမှုအတွက် Takata သည် ကမ္ဘာတစ်ဝန်းတွင် လေအိတ်သန်း ၁၀၀ ကျော်ကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

Refး AFP

Sources; Eleven Media Group

No comments:

Post a Comment