Latest News

Friday, January 20, 2017

တပ်မတော်နဲ့ RCSS/SSA တိုက်ပွဲထပ်မံဖြစ်ပွား

တပ်မတော်နဲ့ RCSS/SSA တိုက်ပွဲထပ်မံဖြစ်ပွား

မြန်မာအစိုးရရဲ့ ဆီဆိုင်မြို့အခြေစိုက် အမှတ် ၄၂၉  ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဝင်တွေ  ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

လွိုင်လင်ခရိုင် မိုင်းပွန်မြို့နယ် ပိန်ဆိုင်ကျေးရွာအုပ်စု နောင်လေးကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့  RCSS ပြောခွင့်ရပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောပါတယ်။

"မိုင်းပွန်နဲ့ လွိုင်လင်ဘက်မှာဖြစ်တာပါ၊ အမှန်ကတော့ ကျနော်တို့ နေရာချထားတဲ့တပ်တွေကို တပ်မတော် က ဝင်ပစ်တာပါ။ မနက် ၇ နာရီခွဲလောက်ပါ။ ပိန်ဆိုင်ကျေးရွာအုပ်စုပေါ့နော် နောင်လေး ကျေးရွာနားမှာ ဒီတပ်မတော်ဘက်က ကျနော်တို့ဘက်ကို ဝင်ပြီးတော့ စီးနင်းတဲ့အတွက်ကြောင့်မိုလို့ ကျနော်တို့ဘက်က ကင်းချထားတဲ့ စစ်သားတွေက ကျောပိုးအိတ် နှစ်လုံးရှုံးသွားပါတယ်။ ထိခိုက်နစ်နာမှုတော့ မရှိပါဘူး၊ NCA လက်မှတ်ရေးထိုးပြီးတဲ့ နောက်ပိုင်း ဆိုရင် ဒီနယ်မြေထဲမှာတော့ နှစ်ကြိမ်သုံးကြိမ်ရှိပြီ၊ ကျနော်တို့ ဒီ မိုင်းကိုင် နမ့်လန်ဘက်ဆိုရင်တော့ သုံးကြိမ်လောက်ပေါ့နော်၊ ဟုတ်ကဲ့ ကျနော်တို့ ၁၀ ကြိမ်နီးပါး ရှိပြီိလို့ပြောလို့ရပါတယ်"

( ဓါတ်ပုံ - ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် )

ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟာ အစိုးရနဲ့ NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အခုလို လာရောက်တိုက်ခိုက်တာဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ကြောင်းလည်း ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်း ကပြောပါတယ်။

Sources: RFA

No comments:

Post a Comment