Latest News

Friday, January 13, 2017

Novotel Yangon Max Hotel နှစ်ဦး ဓမ္မသဘင်တရားပွဲ

Novotel Yangon Max Hotel နှစ်ဦး ဓမ္မသဘင်တရားပွဲ



အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရား ဟောကြားသည့် နှစ်သစ်မင်္ဂလာ တရားပွဲကို ၂၀၁၇ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့ ည ၇နာရီအချိန်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel ရှိ Yangon Ballroom တွင်ကျင်းပြုလုပ်ခဲ့သည်။ အဆိုပါ တရားအလှူပွဲတွင်  ဧရာဝတီဖောင်ဒေးရှင်းမှ လှူ ဖွယ်ဝထ္ထုအစုစုကို ကပ်လှူ ပူဇော်ခဲ့ကြပြီး ၀န်ထမ်းမိသားစုများတက်ရောက် တရားနာကြားခဲ့ကြသည်။




တရားပွဲအပြီးတွင် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးဇော်ဇော်နှင့်မိသားစုတို့က တစ်နိုင်ငံလုံးမှ အနာဂတ်မျိုးဆက်သစ် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ထောက်ပံ့ကူညီနိုင်ရန်အတွက် ငွေပဒေသာပင်အဖြစ် ငွေကျပ်သိန်းတစ်သောင်းတိတိ စိုက်ထူလှူဒါန်းခဲ့မှု၊ မိတ်ဆွေသင်္ဂဟများက ရန်ကင်းကလေးဆေးရုံကြီးရှိ နွမ်းပါးလူနာများ၏ နေ့စဉ် အာဟာရဒါနလှူဒါန်းမှု၊  မွေးရာပါ နှလုံးဝေဒနာရှင် ကလေးငယ်များအတွက် လှူဒါန်းမှု    စုစုပေါင်းအလှူငွေ (၁၉၇၅)သိန်း ကျပ်တိတိ လှူဒါန်ပေးခဲ့ခြင်းအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။



Sources; ဧရာဝတီဖောင်ဒေးရှင်း

No comments:

Post a Comment