Latest News

Sunday, January 1, 2017

City Liner ဘတ်စ်ကားအများပိုင်ကုမ္ပဏီက ၂၀၁၆ နဲ့ အထက် မော်ဒယ် ဘတ်စ်ကား အစီးရေ (၄၀၀) နဲ့ ပြေးဆွဲဖို့ စီစဉ်နေ

City Liner ဘတ်စ်ကားအများပိုင်ကုမ္ပဏီက ၂၀၁၆ နဲ့ အထက် မော်ဒယ် ဘတ်စ်ကား အစီးရေ (၄၀၀) နဲ့ ပြေးဆွဲဖို့ စီစဉ်နေ

အများပိုင်ဘတ်စ်ကားစနစ်မှာ ပါဝင်ပြေးဆွဲမယ့် City Liner ဘတ်စ်ကား အများပိုင်ကုမ္ပဏီအနေနဲ့ အများပိုင်ယာဉ်လိုင်းအတွက် ၂၀၁၆ခုနှစ်နဲ့ အထက်မော်ဒယ် ဘတ်စ်ကားအစီး(၄၀၀)နဲ့ ပြေးဆွဲသွားဖို့ စီစဉ်နေပါတယ်။

အခုလက်ရှိမှာ ဘတ်စ်ကားအစီး(၂၀၀)တင်သွင်းပြီးဖြစ်ကာ နောက်ထပ်အစီး (၂၀၀)တင်သွင်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ City Liner ဘတ်စ်ကား အများပိုင်ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင်ယာဉ်အဟောင်း ပိုင်ရှင်တွေအနေနဲ့ City Liner ယာဉ်လိုင်းမှာလာရောက်ပြေးဆွဲလိုရင်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် ပြေးဆွဲခွင့်ပြုသွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

ရန်ကုန်မြို့တွင်းဘတ်စ်ကားတွေကို အများပိုင်စနစ်ပြေးဆွဲနိုင်ရေး အများပိုင်ကုမ္ပဏီ(၈)ခုဖွဲ့စည်းထားပြီး City Liner ဘတ်စ်ကားအများပိုင်ကုမ္ပဏီကတော့ သန်မြန်သူယာဉ်လိုင်းနဲ့ အနာဂတ်ခရီးသည်ပို့ဆောင်ရေးတို့ ပေါင်းစည်းပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ၄၅ အဲယားကွန်းဘတ်စ်ယာဉ်လိုင်းက အများပိုင်စနစ်ထဲမှာ ယာဉ်အစီးရေ(၅၀)ခန့်နဲ့ ပြေးဆွဲဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

အများပိုင်ယာဉ်လိုင်းတွေ အခုလအတွင်းစတင်ပြေးဆွဲမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကတော့ ပြေးဆွဲမယ့်ရက်ကို အတိအကျ မပြောနိုင်သေးဘူးလို့ 5 Plus ကိုပြောကြားထားပါတယ်။

Sources; 5plus

No comments:

Post a Comment