Latest News

Sunday, January 1, 2017

အမြန်လမ်း ယာဉ်တိမ်းမှောက်မှုကြောင့် တစ်နှစ်အတွင်း လူ ၁၆၀ ကျော် သေဆုံး၊ ၁၃၀၀ ကျော် ဒဏ်ရာရ

အမြန်လမ်း ယာဉ်တိမ်းမှောက်မှုကြောင့် တစ်နှစ်အတွင်း လူ ၁၆၀ ကျော် သေဆုံး၊ ၁၃၀၀ ကျော် ဒဏ်ရာရ

တောင်ငူ၊ ဇန်နဝါရီ ၂

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်အတွင်း ယာဉ်တိမ်းမှောက်မှု ၇၄၄ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အရေအတွက် ၁၆၇ ဦး ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အရေအတွက် ၁၃၁၇ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသည်။

“တစ်နှစ်လုံး ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တစ်ဆမှုတွေကို ကြည့်ရင် အရှိန်ပြင်းမောင်နှင်မှုကြောင့် တိမ်းမှောက်ခဲ့တာ အများဆုံးတွေ့ရပြီး စက်ချို့ယွင်းမှုနဲ့ ဘီးပေါက်တာ ၁၉၇ မှု ရှိနေတာ တွေ့ရပါတယ်။ နောက်တစ်ခုက ဆိုင်ကယ်ပေါ့ဆမှုက ၁၀၃ မှု ရှိပါတယ်။ သေဆုံးသူ အရေအတွက်က ကျား၊ မ စုစုပေါင်း ၁၆၇ ဦး ရှိခဲ့ပြီး အဖြစ်အများဆုံး လတွေက ဇူလိုင်နဲ့ သြဂုတ်လတွေ ဖြစ်ပါတယ်” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှုရုံး မှုခင်းဌာနမှ ရဲမှူးအဆင့်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းသည် စတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ နေ့စဉ်နီးပါး ယာဉ်မတော်တစ်ဆမှုများ ဖြစ်ပေါ်နေကြောင်း၊ ယနေ့ (ဇန်နဝါရီ ၂ ရက်) နံနက် ၄ နာရီခန့်ကလည်း လှည်ကူးမြို့နယ် အမြန်လမ်း မိုင်တိုင် ၀ နှင့် ၅ ဖာလုံအနီးတွင် Honda Fit ယာဉ်တစ်စီး လမ်းဘေးသစ်ပင် ဝင်တိုက်တိမ်းမှောက်ကာ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသည်။

R-15

Sources; The Voice

No comments:

Post a Comment