Latest News

Sunday, January 1, 2017

ဝန်ထမ်းများ ရုံးပြင်ပတွင် နိုင်ငံရေးလုပ်ခွင့်ရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆို

ဝန်ထမ်းများ ရုံးပြင်ပတွင် နိုင်ငံရေးလုပ်ခွင့်ရှိဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆို

ရန်ကုန်၊ ဇန်န၀ါရီ ၁

ဝန်ထမ်းများအနေဖြင့် ရုံးတွင်းမှအပ မိမိယုံကြည်ချက် အတိုင်း နိုင်ငံရေးလုပ်ခွင့်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားလိုက်သည်။

ဇန်န၀ါရီ ၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် လူငယ်နှင့်ငြိမ်း ချမ်းရေး စကားဝိုင်းတွင် ဆွေးနွေးစဉ် ယင်းသို့ထည့် သွင်းပြောကြား ခဲ့ ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က " အခုအချိန်မှာ ၀န်ထမ်းတွေအနေနဲ့ ၀န်ထမ်း စည်းမျဉ်းစည်းကမ်း ဥပဒေအရ နိုင်ငံရေးမလုပ်ရဘူး ဆိုတာ နိုင်ငံရေး ပါတီဝင်တော့ ဖြစ်လို့မဖြစ်ပါဘူး။ သို့သော် နိုင်ငံရေးခံယူချက် အရ၊ ယုံကြည်ချက်အရ၊ ပြောတာဆိုတာကြောင့် အခုအစိုးရလက် ထက်မှာ ထောင်မကျတော့ပါဘူးလို့ ပြောပါရစေ " ဟု ပြောသည်။

သို့သော်ဌာနအတွင်း ၀န်ထမ်းများအား မည်သည့်ပါတီကို မဲပေး ပါဟုစည်းရုံးပါက ၀န်ထမ်းစည်းမျဉ်းစည်းကမ်းကို ချိုးဖောက် ရာရောက် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က " ရုံးတွင်းမှာတော့ နိုင်ငံရေးလုပ်လို့ မရဘူး။ ရုံးတွင်းမှာသွားပြီးတော့ ဘယ်ပါတီကိုမဲပေးပါဆိုပြီး လိုက် စည်းရုံးတယ် ဆိုရင်တော့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာပဲ။ သို့သော် ရုံးအပြင်မှာ သူအားလပ်တဲ့အချိန်မှာ နိုင် ငံရေးဆွေးနွေး ပွဲ တစ်ခု၊ ဟောပြောပွဲတစ်ခုကို တက်တာဆိုရင်တက်လို့လည်း ဘာမှသူ့ မှာ အပြစ်ရှိမှာမဟုတ်ပါဘူး။ ၀န်ထမ်းဆိုတာ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းအရ ကိုယ့်ဌာနထဲမှာ နိုင်ငံရေး လုပ်လို့မရပါဘူး။ အပြင်မှာ တော့ ကိုယ့်ရဲ့ယုံကြည်ချက်အရ နေထိုင်ခွင့်၊ သွားလာခွင့်၊ ဆွေးနွေး ပိုင်ခွင့်ရှိပါတယ် " ဟုပြောသည်။

ယင်းစကားဝိုင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးမရသည့် အကြောင်း အရင်း ၊ ပြည်ထောင် စု စိတ်ဓာတ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူ တို့၏ဆန္ဒစ သည်တို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လူငယ်များ အပြန် အလှန်ဆွေးနွေး ခဲ့ကြပြီး အွန်လိုင်းမှတစ်ဆင့် မေးမြန်းသည့်မေး ခွန်းအချို့ ကိုလည်း ဖြေကြားခဲ့သည်။

ပြည်သူလူထုအနေဖြင့် အကျယ်ပြန့်ဆုံး ဆက်သွယ်ရေးလမ်း ကြောင်းဖြစ် သည့် ဆိုရှယ်မီဒီယာကိုအသုံးပြုရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လည်း လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။

Sources; HMDemocracytodayphoto by Aung Thu Ra

No comments:

Post a Comment