Latest News

Sunday, January 8, 2017

ကလေးနှစ်ယောက်အတွက် မိခင်ကောင်းပီသအောင် ကြိုးစားနေတဲ့ သက်မွန်မြင့်

ကလေးနှစ်ယောက်အတွက် မိခင်ကောင်းပီသအောင် ကြိုးစားနေတဲ့ သက်မွန်မြင့်

အမေဘဝကို ရင်ဖွင့်ထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်ကတော့ ယခုဆိုရင် သူမရဲ့ မိသားစုဘဝထဲကို သမီးလေးတစ်ယောက်လည်း ရောက်ရှိလာပါပြီ။ သားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ကတော့ ကလေးနှစ်ယောက်အတွက် မိခင်ကောင်းပီသအောင် ကြိုးစားနေပါတယ်။သမီးလေးမွေးပြီး သိပ်မကြာသေးတဲ့ သက်မွန်မြင့်က သားဖြစ်သူ အားချစ်ကိုလည်း ဂရုစိုက်နေရပါတယ်။ ကလေးနှစ်ယောက် တစ်ပြိုင်တည်း အိပ်ရာက နိုးလာတဲ့ အခါမှာ အိပ်ရေးမဝလို့ အမေကို ပြန်သိပ်စေချင်တဲ့ သားအားချစ်နဲ့ နို့ဆာနေတဲ့ သမီးကြားက သက်မွန်မြင့်က အမေတစ်ယောက်ရဲ့ ဘဝကို ပရိသတ်တွေကို ရင်ဖွင့်လိုက်ပါတယ်။

"ခလေးနှစ်ယောက် အမေဘဝ! နှစ်ယောက်လုံး တစ်ပြိုင်တည်းနိုးလာသောအခါ အိပ်ရေးမဝလို့ အမေကိုပြန်သိပ်စေချင်သော သားနဲ့ နို့ဆာနေသော သမီးကြားက ပရိတ်သတ်တို့ ချစ်သော ရွှေမင်းသမီးဘဝ။နို့ပေးမတိုက်ပဲ အမေပေါ် အတင်းကုတ်တက်နေသော သားတော်မောင် ဓါတ်ပုံရိုက်မယ်ဆိုတော့  ငြိမ်သွားတုန်း အိပ်ရာပေါ်တင်(ပိုးက မသေးဘူး.. သူငြိမ်အောင် ဒါလေး အသုံးချရတာ) မီးတွင်း ၄၅ ရက်ကို အလေးပင်မ မရဘူးတဲ့လေ.. သားတော်မောင်က အဖေ မရှိချိန်ဆို အမေကိုတွယ်ကပ် ကုတ်တက်နေလေတော့ ဖြစ်ချင်တာ ဖြစ်ခါမှဖြစ်ရော သူစိတ်ချမ်းသာဖို့ အရေးကြီးတယ်လေနော်! (မဆူကြနဲ့နော်)အဖေကလည်း အလုပ်မသွားလို့မှ မရတာအလုပ်လုပ်တဲ့ချိန်မှာ ဇာတ်ကောင်အတိုင်း ပီပြင်အောင်ကြိုးစားရသလို မိခင်ဘဝမှာလည်း မိခင်ကောင်းပီသအောင် အကောင်းဆုံးကိုယ့်ဘက်က ကြိုးစားရမှာပဲလေနော်. ဒီလိုချိန် ကြည်နူးရတာ ဘာနဲ့မှမတူပါဘူး။( လွမ်းတယ်..ပုံတင်ပေးပါပြောလို့.. ပြင်ဆင်ပြီး လှပနေတာ မဟုတ်ပေမယ့် သဘာဝနဲ့ အဓိပ္ပာယ်ရှိတယ် ထင်လို့ ဒီပုံလေးတင်ပေးတာပါ.. မျက်နှာတော့ မတင်ရဲသေးဘူး.. လန့်မှာစိုးလို့" ဆိုပြီး ရေးသားထားပါတယ်။

သက်မွန်မြင့်ကတော့ ဇာတ်ကားတွေ မရိုက်တော့ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ဖေ့စ်ဘွတ်ကနေ စကားပြောတာတို့ လုပ်ဖြစ်နေတာ တွေ့ရပါတယ်။ သားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ရဲ့ မိသားစုဘဝလေးကတော့ ပရိသတ်တွေအတွက် အားကျစရာလည်း ဖြစ်ပါတယ်။

Sources & Photo : သက်မွန်မြင့်ဖေ့စ်ဘွတ်: Duwun

No comments:

Post a Comment