Latest News

Sunday, January 29, 2017

ပြည်ပ သတင်းစာ များက ပြောသော ဦးကိုနီ လုပ်ကြံမှု့ ကြီး

ပြည်ပ သတင်းစာ များက ပြောသော ဦးကိုနီ လုပ်ကြံမှု့ ကြီး


ဦးကိုနီ ကို အနီးကပ် ပြစ်ခတ်ခြင်း မပြုမီ သေနတ်သမားက "မင်း ဒီလို လုပ်လို ဘာရမလဲကွာ"ဟု ပြောလိုက်သည်ကို ကြားရကြောင်း တက္ကဆီ ယာဉ်မောင်းများက နယူးယောက်တိုင်းမ် သတင်းစာ ကို ပြောတယ်လို့ ဖေါ်ပြထားပါတယ်။

အဆိုပါ သတင်းစာ ကပဲ ဦးဝင်းထိန် အား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ဦးဝင်းထိန်က ...

" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် အား အကြီးကျယ်ဆုံး ထိုးနှက်မှု ဖြစ်ပြီး သူ့ လို လူမျိုး အစားထိုး ဖို့ လွန်စွာ အခက်အခဲရှိကြောင်း၊ သူရဲကောင်းတယောက် ဆုံးရှုံးသွားရခြင်း ဖြစ်ပြီး အခြေအနေများ ဆိုးဝါးလျက် ရှိဆဲ"ဟု ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာအရေး က္ဈမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘတ်က တော့ ဦးဝင်းထိန် နဲ့ သဘောထားခြင်း တိုက်ဆိုင်ပုံ မရပါဘူး။ ၎င်းက NLD နဲ့ ပါတ်သက်ခြင်း မရှိပဲ ဘာသာရေး မုန်းတီးမှု သက်သက် ဖြင့် ပြု လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ ထင်ကြောင်း ပြောဆိုခဲ့တယ်လို့ Nikkei Asian Review မှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ မှ ယန်ဟီလီးကတော့ အစိုးရ အနေနဲ့ ပြစ်မှု ကျူး လွန်သူများကို အမြန်ဆုံး ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးရမယ်လို့ ပြောဆိုလိုက်ပါတယ်။

သူတို့ စကား

ဗိုလ်အောင်ကျော်ရဲ့ ဈာပန မှ မိခင်ဖြစ်သူက "က္ဈန်မ သား သေလို့.၀မ်းနည်းရတာထက် တိုင်းပြည် အတွက် ဒီလို သားတယောက် ထပ် မွေး မပေး နိုင်ခဲ့တာ ကိုတော့ ယူကြုံးမရ အဖြစ်ဆုံးပဲ" လို့ ပြောခဲ့ဘူးပါတယ်။

ဦးကိုနီ ရဲ့ သမီး ဖြစ်သူကတော့ ..

"ကျမ အဖေ ဆုံးသွားလို့ ဒီအလုပ်လုပ်တာ မှားတယ်လို့ ကျမ မထင်ဖူး၊ ဒီ အလုပ် လုပ်လို့ သေသွားတာကို နောင်တရတဲ့ စိတ် ခုချိန်ထိ ကျမ မဖြစ်ဖူး၊ လုပ်ဖို့ လို လို့ လုပ်တယ်။ သေဖို့ ရှိရင် သေ သွားတယ်။ လူတိုင်း သူရဲကောင်းဆိုတာ ဒီလို သွားကြတာပဲ။

ခွေးလောက်မှ ဇောက်မနက်တဲ့ အသိညဏ်မျိုးနဲ့ ဦးကိုနီ ကို သတ်ဖြတ်ခဲ့ကြသော်လည်း  ဦးကိုနီ သည်  မသေခဲ့။  မြန်မာတမျိုးသား လုံးရဲ့ စိတ်ထဲ တသသ ဖြစ်ကျန် ခဲ့ တဲ့ သူရဲကောင်း ဘ၀နဲ့ ရှင် ကျန်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံ နှင့်.လူထုကြီး တရပ်လုံး  အတွက် မွေးရာပါ လူ့ အခွင့် အရေး နှင့် ဒီမိုကရေစီ အခွင့်အလမ်းများအား မစို့တပို့ ဆိုယုံမျသာ ပေးပြီး   လူတစု အနေချောင်ရေး အတွက် မျသာ  ရည်ရွယ် ရေး ဆွဲထားသော ဖွဲ့ စည်းပုံကြီး ကို ပြင်ဆင်နိုင်ခွင့်ရရေး အမြဲတစေ လုံ့ လ ထုတ်နေရှာသော သူမ၏ သားကြီး အား အဘယ်မည်သော လူယုတ်မာ များက နေခင်းကြောင်တောင် အတင့်ရဲစွာ သတ်ဖြတ်ခဲ့ကြ လေသနည်းဟု နားမလည်နိုင်စွာ ငိုကြွေး  မြည်တမ်းနေရှာသော ဦးကိုနီ ၏ မိခင်ကြီးအား တွေ့ ရစဉ်။

HSW

No comments:

Post a Comment