Latest News

Sunday, January 29, 2017

သေနတ်သမားကို ဖမ်းဆီးပေးခဲ့တဲ့ ဦးနေ၀င်းကို မနက်ဖြန်သဂြိုလ်မည်

သေနတ်သမားကို ဖမ်းဆီးပေးခဲ့တဲ့ ဦးနေ၀င်းကို မနက်ဖြန်သဂြိုလ်မည်

၃၀၊ဇန်န၀ါရီ၊ ရန်ကုန်

တရားလွှတ်တော်ရှေ့ နေဦးကိုနီကို လုပ်ကြံသတ်ဖြတ် သူကို လိုက်လံဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ တက္ကစီယာဉ်မောင်း ဦးနေ၀င်း(ခ) ဦးဝင်းလွင်ကို မနက်ဖြန်မှာ ရေဝေးသုသာန်ကို ပို့ ဆောင်သဂြိုလ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးနေ၀င်းဟာ အသက် (၃၀)နှစ်အရွယ် ဇနီးဖြစ်သူနဲ့  (၇)နှစ်၊ (၄)နှစ်နဲ့ (၄၅) ရက်သားအရွယ် သား သုံးဦးကျန်ရစ်ခဲ့ပါတယ်။ ဦးနေ၀င်းဟာ မင်္ဂလာဒုံမြို့နယ် မှာ နေထိုင်သူ ဖြစ်ပြီး ရန်ကုန်လေဆိပ်တွင် အငှားယာဉ်မောင်းအဖြစ်လုပ် ကိုင်နေသည်မှာ ၁၀ နှစ်ခန့်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဇန်န၀ါရီလ ၂၉ရက်နေ့  ညနေ ၃ နာရီ ၁၅ မိနစ်အချိန်မှာ စင်္ကာပူလေကြောင်းလိုင်းနဲ့ ရန်ကုန်မြို့ ကို ပြန်ရောက်လာတဲ့ ဦးကိုနီဟာ ရန်ကုန်လေဆိပ်ဝင်ပေါက်အနီး တက္ကစီစတန်းမှာ သေနတ်နဲ့  လုပ်ကြံခံ လိုက်ရပါတယ်။ သေနတ်သမားရဲ့ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးကိုနီဟာ လေဆိပ်အ၀င်ပေါက်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

ဦးနေ၀င်းဟာ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူကို အုတ်နီခဲနဲ့ လိုက်ထုချိန်မှာ သေနတ်သမားက သေနတ်နဲ့ လှည့်ပစ်ခံတာကြောင့် ဘယ်ဘက်ဆီးခုံမှာ ဒဏ်ရာရရှိကာ မြောက်ဥက္ကလာဆေးရုံမရောက်ခင်လမ်းပေါ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဦးနေ၀င်းရဲ့  ဈာပနကို ပြုလုပ်ရာဖို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရကလည်း စီစဉ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Sources: : ၀င်းနန္ဒာ ( ကုမုဒြာ )

No comments:

Post a Comment