Latest News

Tuesday, January 17, 2017

သင့်စိတ်ကို ကျန်းမာကြံ့ခိုင်စေမယ့် အချက်(၁၀)ချက်

သင့်စိတ်ကို ကျန်းမာကြံ့ခိုင်စေမယ့် အချက်(၁၀)ချက်

စစ်တမ်းတွေအဆိုအရတော့ လူတွေရဲ့ ၃၇ရာခိုင်နှုန်းဟာ ကျန်းကျန်းမာမာနေချင်ကြတယ် ၊ ၃၂ ရာခိုင်နှုန်းကတော့ ကိုယ်အလေးအချိန်လျော့ကျချင်ကြပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုတော့ ၇ရာခိုင်နှုန်းသာ ဦးစားပေးကြတယ်လို့ သိရှိရပါတယ်။ နောက်ထပ်ရောက်ရှိလာမယ့် နှစ်တွေမှာ အဆင်သင့်ဖြစ်နေဖို့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ လိုအပ်တဲ့ အချက်(၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တိတ်ဆိတ်တဲ့နေရာလေးမှာ ၁၅မိနစ်လောက် ငြိမ်ငြိမ်လေးနေကြည့်လိုက်ပါ။
ဒီလိုနေထိုင်ခြင်းဟာ သင့်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ နောက်နေ့တွေအတွက် ကြိုတင်တွေးဆနိုင်မယ့်အပြင် ရည်မှန်းချက်ပန်းတိုင်တွေနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိစေသလို ခံစားရမှာလည်းဖြစ်ပါတယ်။

၂။ တစ်ပတ်မှာ တစ်ခါ သင့်အတွက် ခက်ခဲတာ တစ်ခုခုကို လုပ်ပါ။
မိမိကိုယ်မိမိ စိန်ခေါ်ခြင်းအားဖြင့် မိမိကိုယ်မိမိ ယုံကြည်မှုတွေကို ပိုမိုရရှိလာမှာဖြစ်ပါတယ်။

၃။ နေ့စဉ်မှတ်တမ်းတို ထားရှိပါ။
တစ်နေ့တာလုံးမှာ ပျော်ရွှင်ရတဲ့ အခိုက်အတန့် သုံးခုလောက်ဖြစ်ဖြစ် ချရေးလိုက်ပါ။ ကမ္ဘာကြီးအပေါ် မြင်တဲ့ သင့်အမြင်တွေလည်း ဆန်းသစ်ပြောင်းလဲလာမှာဖြစ်ပါတယ်။

၎။ ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်ပါ။
အထူးသဖြင့် အိပ်စက်ခြင်းလေ့ကျင့်ခန်း လုပ်ခြင်းနဲ့ အစားအသောက်တွေကို ဖြစ်ပါတယ်။

၅။ မိမိကိုယ်မိမိ စကားပြောကြည့်ပါ။
ဒီလို စကားပြောခြင်းဟာ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံနေရသလို အလားသဏ္ဍာန်တူပါတယ်။ အကြံဥာဏ်အသစ်တွေ ရရှိလာနိုင်လို့ပါပဲ။

၆။ စိတ်ခံစားချက်တွေကို သတိပြုပါ။
ဘာဖြစ်လို့လဲဆိုတော့ စိတ်ခံစားချက်တွေဟာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေလို့ပါပဲ။

၇။ စိတ်ကူးအမှတ်တွေအတွက် တစ်နေရာစာချန်ထားပေးပါ။
“တစ်နေ့နေ့ကျရင်”ဆိုတဲ့ စကားလုံးနဲ့ အစချီလိုက်ပေမဲ့ လူတိုင်းရဲ့ ပြက္ခဒိန်မှာ တကယ်မလုပ်ဖြစ်တာတွေများပါတယ်။ ဒီတော့ သင့်အနေနဲ့ သင်လုပ်ချင်တာတွေအတွက် ပြန်ပြီး ပေးဖို့ သုံးသပ်သင့်ပါတယ်။

၈။ သူငယ်ချင်းတွေ မိသားစုတွေကို အချိန်ပေးပါ။
ဘ၀မှာ အရေးကြီးတဲ့ သူတွေကို အချိန်ပေးဖို့ လိုအပ်ပါသေးတယ်။

၉။ ဘ၀ရဲ့ တန်ဖိုးကို မြှင့်တင်ပါ။
သင်ကိုယ်တိုင်ရဲ့ စံသတ်မှတ်ချက်တွေကနေ တဆင့် သင့်စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အဲဒီကနေတဆင့် သင့်ဘ၀ရဲ့ တန်ဖိုးအထိ မြင့်တက်သွားနိုင်လို့ပါ။

၁၀။ အလေ့အကျင့်ဆိုးတွေကို တစ်ခုချင်း ပယ်ဖျက်ပါ။
အဲဒီလိုလုပ်နေရင်း သင့်ကို သက်တောင့်သက်သာ ရှိစေပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေကလည်း တိုးသထက်တိုးလာစေမှာဖြစ်ပါတယ်။ တစ်နေ့ချင်း တစ်ရက်ချင်း စိတ်လေ့ကျင့်ခန်းတွေလုပ်ရင်း နှစ်တိုင်းနှစ်တိုင်းကို ဖြတ်သန်းကြည့်လိုက်ပါတော့။ ။

Ref:psychologytoday

Sources; Trend Myanmar

No comments:

Post a Comment