Latest News

Tuesday, January 17, 2017

ဘတ်စ်ကားစနစ်သစ်စတင်သောနေ့တွင် အငှားယာဉ်များဝင်ငွေကောင်း

ဘတ်စ်ကားစနစ်သစ်စတင်သောနေ့တွင် အငှားယာဉ်များဝင်ငွေကောင်း

မထသကိုဖျက်သိမ်းပြီး နောက် ရန်ကုန်ဘတ်စ်ကားဝန် ဆောင်မှု(YBS)စနစ်စတင်သည့် ပထမဆုံးနေ့တွင် အငှားယာဉ် (Taxi)မောင်းများ ၀င်ငွေပိုမိုရရှိခဲ့ ပြီး အချို့မှာ ပုံမှန်ထက်ဈေးမြှင့် တင်တောင်းခဲ့ကြောင်း ခရီးသည် များနှင့် ယာဉ်မောင်းများ၏ ပြော ကြားချက်အရသိရသည်။

YBS စတင်သည့် ဇန်န၀ါရီ ၁၆ရက်တွင် ရန်ကုန်တစ်မြို့လုံးရှိ သန်းနှင့်ချီသော ခရီးသွားပြည်သူများအတွက် အခက်အခဲများစွာဖြစ်ပေါ်ခဲ့၍ အငှားယာဉ်များကို ဈေးကြီးပေးကာ ငှားရမ်းခဲ့သည်ဟု ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ မဇင်မေနှင်းက ပြောသည်။

‘‘လိုင်းကားတွေစောင့်ရတာ နာရီဝက်လောက်ကြာတယ်။ တက္ကစီငှားတာတောင် ငှားချင် တာငှားမရဘူး။ ဈေးလည်း ပုံမှန် သွားနေကျထက် တစ်ထောင် လောက်ပိုပေးရတယ်’’ဟု ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်မှ မြေနီ ကုန်းသို့ လာရောက်ရုံးတက်ရ သည့် မဇင်မေနှင်းကပြောသည်။

ရုံးစတင် ဖွင့်လှစ်သည့် တနင်္လာနေ့တွင် စနစ်သစ်စတင် လိုက်၍ ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားစွာဖြစ်ပေါ်ခဲ့ကြောင်းနှင့်  ခရီးသွားပြည်သူများက ဘတ်စ်ကားများကို မစောင့်ဆိုင်းနိုင်ဘဲကားငှားစီးကြ၍ ယခင်နေ့များ ထက် ကားပိုဆွဲကောင်းကြောင်းအငှားယာဉ်မောင်းဦးမိုးကျော်က ပြောသည်။

‘‘ဒီနေ့ပိုဆွဲရတယ်။ နေ့တစ် ပိုင်းနဲ့ တစ်သောင်းရှစ်ထောင် လောက်ရတယ်။ လိုင်းကားတွေ က ကိုးရိုးကားရားဖြစ်တော့ ပိုဆွဲ ရတယ်။ သုံးခေါက်လောက်ပိုဆွဲ ရတယ်။ တစ်ခေါက်နှစ်ထောင် နှုန်းနဲ့ အကြမ်းဖျင်းတွက်ရင် ခြောက်ထောင်ပိုရတယ်’’ဟု ၎င်း ကဆိုသည်။

ထို့အပြင် အငှားယာဉ် မောင်းအချို့က တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ လမ်းကြုံခေါ်တင်သောကြောင့် စုပေါင်းသဘောမျိုးဖြင့် ၀င်ငွေပိုမိုရရှိနေ ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုကျော်ဇင်ဝင်းကပြောသည်။

‘‘ခါတိုင်းထက် ဈေးပို တောင်းတဲ့ တက္ကစီတွေရှိသလို တချို့ကလည်း ပုံမှန်ဈေးအတိုင်း တောင်းပြီး လမ်းကြုံရင် တင်ဖို့ ပြောတာလည်းရှိတယ်။ ဒီနေ့ အဲ ဒီလိုစုပေါင်းတက္ကစီတွေ ပိုများ တယ်’’ဟု ၎င်းကပြောကြားသည်။

အငှားယာဉ်မောင်းအချို့က မူ ၎င်းတို့အနေဖြင့် ပုံမှန်ထက်ဈေး ပိုတောင်းခြင်းမှာ ယာဉ်ကြောပိတ်ဆို့မှုပိုမိုဆိုးရွားခြင်းကြောင့် အ ခေါက်အရေအတွက် နည်းပါး သွားပြီး လမ်းကြောင်းတိုများဖြင့် ခေါက်တုံ့ခေါက်ပြန်ကားဆွဲသူ များသာ ပိုမိုဝင်ငွေများခြင်းဖြစ် ကြောင်း တုံ့ပြန်ပြောကြားသည်။

အခက်အခဲများစွာဖြင့် ရန် ကုန်ဘတ်စ်ကားဝန်ဆောင်မှုစ တင်သည့်နေ့တွင် ပုံမှန်ထက်ဈေး ပိုတောင်း၍ စီးပွားရှာခဲ့သည့်အ ငှားယာဉ်မောင်းများရှိသကဲ့သို့ အများပြည်သူအဆင်ပြေစေရေး အတွက် အခမဲ့လမ်းကြုံလိုက်ပို့ ပေးသော ယာဉ်မောင်းများလည်း တွေ့ရှိရသည်။

Sources; 7Day News Journal

No comments:

Post a Comment