Latest News

Friday, January 13, 2017

ရန်ကုန်ဆေးရုံသစ်ကြီးသို့ တက်ရောက်သော အဆိပ်သင့်လူနာ တစ်နှစ်ထက်တစ်နှစ် ပိုများလာ

ရန်ကုန်ဆေးရုံသစ်ကြီးသို့ တက်ရောက်သော အဆိပ်သင့်လူနာ တစ်နှစ်ထက်တစ်နှစ် ပိုများလာ


ရန်ကုန်ပြည်သူ့ ဆေးရုံသစ်ကြီးသို့ တက်ရောက်လာသော အဆိပ်သင့်လူနာများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အဆိပ်သင့်မှုကြောင့်ဖြစ်သော ဓာတုအဆိပ်သင့်လူနာမှာ အများဆုံး ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးနှင့် ဆေးသုတေသန ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်ထားသည့် သုတေသနစာတမ်းအရ သိရသည်။

အဆိပ်သင့်လူနာများ တစ်နှစ်ထက်တစ် နှစ်ပိုမိုများပြားလာရာ၂၀၁၁ ခုနှစ်တွင် ဆေးရုံတက်လူနာ၏ ၈ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂၀၁၅၊ ၂၀၁၆ ခုနှစ်များတွင် ၁၄ ဒသမ ၈ ရာခိုင်နှုန်းအထိ များပြားလာကြောင်း၊ လေ့လာသော ငါးနှစ်အတွင်းတွင် တွေ့ရှိချက်အရ အသက် ၁၈ မှ၂၅ နှစ် အတွင်း လူငယ်များတွင် အဖြစ်အများဆုံးဖြစ်ပြီး အလုပ်လုပ်ကိုင်သော အရွယ်ဖြစ်သည့် ၂၆ နှစ်မှ ၄၀ အတွင်းမှာ ဒုတိယ အများဆုံးဖြစ်ကာ အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားကြောင်း သိရသည်။

အဆိပ်သင့် လူနာများအနက် ဓာတုအဆိပ်သင့်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ၂၀၁၁ ခုနှစ်တွင် ၃၆ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂၀၁၅ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းအထိ တိုးလာကြောင်းနှင့် ဓာတုအဆိပ်သင့်မှုများတွင် ပိုးသတ်ဆေး အဆိပ်သင့်မှုများမှာ အများဆုံးဖြစ်ပြီး ကြွက်သတ်ဆေး အဆိပ်သင့်မှု၊ အိမ်တွင်းသုံး ဓာတုပစ္စည်းများဖြစ်သော အစွန်းချွတ်ဆေး၊ လက်သည်းဖျက်ဆေး၊ ဆပ်ပြာရည် အစရှိသည်တို့ကြောင့် အဆိပ်သင့်မှုများလည်း များပြားလာကြောင်း သုတေသန ပြုလုပ်ချက်အရ သိရသည်။

ယခင်က ဆေးဝါးအဆိပ်သင့်မှုမှာ ငါးနှစ်ဆက်တိုက် အများဆုံး ရှိခဲ့သော်လည်း ယခုနောက်ပိုင်း၌ ဖြစ်ပွားသူဦးရေ ကျဆင်းလာပြီ ဖြစ်ကြောင်းနှင့် ဆေးဝါးအဆိပ်သင့်မှုတွင် ဟစ်တမင်းဆန့်ကျင်အုပ်စု၊ အဓိကအားဖြင့် ကလိုဖန်နာရမင်းမဲလရိတ် အဆိပ်သင့်မှု အများဆုံးဖြစ်ပြီး ဒုတိယအားဖြင့် အကိုက်အခဲ ပျောက်ဆေးအုပ်စု၊ ပါရာစီတမော အဆိပ်သင့်မှုများမှာလည်း များပြားကြောင်း သိရသည်။

အိသဉ္ဇာကျော်
Sources; Eleven Media Group

No comments:

Post a Comment