Latest News

Friday, January 13, 2017

ပုဂံ၌ ငလျင်ဒဏ်သင့်ခဲ့သော ဘုရားစေတီ၊ ပုထိုးများအနက် ၂၂၄ ဆူအား ယခုနှစ်သင်္ကြန်တွင် အပြီးသတ်ဆောင်ရွက်ရန် လျာထား

ပုဂံ၌ ငလျင်ဒဏ်သင့်ခဲ့သော ဘုရားစေတီ၊ ပုထိုးများအနက် ၂၂၄ ဆူအား ယခုနှစ်သင်္ကြန်တွင် အပြီးသတ်ဆောင်ရွက်ရန် လျာထား


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် စေတီပုထိုး ရှေးဟောင်း အဆောက်အအုံပေါင်း ၄၀၀ ၀န်းကျင် ထိခိုက်ပျက်စီးခဲ့ရာ အဆိုပါဘုရားစေတီ၊ ပုထိုးများအနက် ၁၆၅ ဆူအား ဦးစားပေး ပြုပြင်မည်ဖြစ်ကြောင်းနှင့် ၂၂၄ ဆူအား ယခုနှစ်သင်္ကြန်ကာလတွင် အပြီးသတ်ဆောင်ရွက်ရန်လျာထားကြောင်း ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတင်းရရှိသည်။

ငလျင်ဒဏ်သင့်ခံခဲ့ရသည့် စေတီပုထိုးများအား ပြန်လည်ထိန်းသိမ်းပြုပြင်ရာတွင် ရှေးဟောင်းသုတေသနဌာန တစ်ခုတည်း ဆောင်ရွက်သွားမည်မဟုတ်ဘဲ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အထူးဆောက်လုပ်ရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အင်ဂျင်နီယာဝန်ထမ်းများလည်း ထပ်မံအားဖြည့်ကာ ရှေးဟောင်းသုတေသနဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဘုရားတွေ ပြန်လည်ထိန်းသိမ်းပြုပြင်တဲ့အခါ ရေရှည်တည်တံ့ဖို့အတွက် တစ်ဆူချင်းကို အသေးစိတ်လိုက်စစ်ဆေးပြီး ဆောင်ရွက်နေပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပညာရှင်အဖွဲ့ခေါင်းဆောင် ဦးသိန်းလွင်က ပြောကြားသည်။

ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရေးအတွက် ကျွမ်းကျင်ပညာရှင်များ အစည်းအဝေး Technical Expert Meeting ကျင်းပခဲ့သည် မှာ ငါးကြိမ်ရှိပြီဖြစ်ပြီး  Technical Expert Meeting ၏ လုပ်ငန်းများဖြစ်သော ဘုရားများ အရေးပေါ်ထိန်းသိမ်းမှုလုပ်ငန်းများ စစ်ဆေးမှုဆောင်ရွက်ပြီးဖြစ်ရာ ဘုရားစေတီ၊ ပုထိုးများ ရေရည်တည်တံ့ခိုင်မြဲစေရန်အတွက် ဘုရားတစ်ဆူချင်းအလိုက် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင်  Technical Expert Team အဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း ဘုရားတစ်ဆူချင်း အလိုက် အသေးစိတ်စစ်ဆေး ဆောင်ရွက်ရာ ရှေးဟောင်းစေတီပုထိုး အဆောက်အအုံပေါင်း ၁၈ ဆူ ဆောင်ရွက်ပြီးကြောင်း သိရသည်။                    

ကိုနော် (ပုဂံ)

Sources; Eleven Media Group

No comments:

Post a Comment