Latest News

Thursday, January 12, 2017

ကေအင်န်ယူက ငါးဖမ်းသင်္ဘော အစီးရေ ၅၀ ဖြင့် ငါးဖမ်းရန် တောင်းဆိုမှုကို ငါးလုပ်ငန်း အဖွဲ့ချုပ် ကန့်ကွက်

ကေအင်န်ယူက ငါးဖမ်းသင်္ဘော အစီးရေ ၅၀ ဖြင့် ငါးဖမ်းရန် တောင်းဆိုမှုကို ငါးလုပ်ငန်း အဖွဲ့ချုပ် ကန့်ကွက်

မြန်မာ့ပင်လယ်ပြင်တွင် ၀ိုင်းချုပ်စနစ်သုံး ငါးဖမ်းသင်္ဘောအစီး ၅၀ ဖြင့် ငါးဖမ်းခွင့်ပြုရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ၀န်ကြီး ဌာနသို့တောင်းဆိုမှုကို ကန့်ကွက်ကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

‘‘ငါးသယံဇာတထိခိုက်စေ တဲ့ ၀ိုင်းချုပ်ပိုက်နဲ့ ငါးဖမ်းခွင့် တောင်းတာကို လက်မခံနိုင်တာ ပါ။ ၀ိုင်းချုပ်ပိုက်နဲ့ ကျူနာငါးဖမ်း ဖို့ဆိုတာ ပြည်တွင်းမှာရှိတဲ့ ငါး ဖမ်းသင်္ဘောမဟုတ်ဘဲ ထိုင်းနိုင်ငံ က ငါးဖမ်းသင်္ဘောတွေနဲ့မို့ လက် မခံဘူး။ နိုင်ငံခြားကဘယ်သင်္ဘော နဲ့ ငါးလာဖမ်းတာကိုမှ လက်မခံ နိုင်ဘူး’’ဟု မြန်မာနိုင်ငံ ငါးလုပ် ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဒေါက်တာ တိုးနန္ဒာတင်ကပြောသည်။

အပစ်အခတ်ရပ်စဲရေး သ ဘောတူလက်မှတ် ရေးထိုးထား သော ကရင်အမျိုးသားအစည်း အရုံး (KNU)နှင့် ထိုင်းနိုင်ငံမှ ကုမ္ပ ဏီတစ်ခုတို့ အကျိုးတူပူးပေါင်း ၍ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြု ရန်ငါးလုပ်ငန်းဦးစီးဌာနထံ ယခင် အစိုးရလက်ထက်က တောင်းဆို ထား ခြင်းဖြစ်ပြီး ယခုနှစ် ဇန်န၀ါရီ ပထမပတ်၌ ၀န်ကြီးဌာနက ငါး လုပ်ငန်းအဖွဲ့ချုပ်သို့သဘောထား မှတ်ချက်တောင်းခံခြင်းဖြစ်သည်။

ပင်လယ်ပြင်ငါးသယံဇာတ ထိန်းသိမ်းရေးအတွက် ပြည်ပ နိုင်ငံများမှ ငါးဖမ်းသင်္ဘောများ ဖြင့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခြင်း ကို ၂၀၁၁ ကစတင်၍ ကန့်သတ် တားမြစ်ထားသောကြောင့် ကေ အင်န်ယူ၏ တောင်းဆိုချက်ကို ကန့်ကွက်ခြင်းဖြစ်ကြောင်းမြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန် ရှိသူများကပြောသည်။

‘‘စာအသွားအလာတွေကြည့်ရပါမယ်။ ဘယ်လိုအချက်အလက်တွေနဲ့ ကန့်ကွက်တဲ့ အကြောင်းလည်း သေချာမသိသေးတော့ပြောရခက်တယ်။ အချက်အလက်တွေရှိရင် ပို့ပေးစေချင်တယ်။ ဗဟိုအနေနဲ့ မသိရသေးဘူး’’ဟု KNUဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဖဒိုစောတာဒိုမှူး က ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအ ဖွဲ့ချုပ်က ကန့်ကွက်ခြင်းကိစ္စနှင့် ပတ်သက်၍ ငါးလုပ်ငန်းဦးစီးဌာန နှင့် ညွှန်ကြားရေးမှူးတစ်ဦးကို တွေ့ဆုံမေးမြန်းရာ အဆိုပါငါး ဖမ်းဆီးခွင့်ကို KNU က လာ ရောက်တောင်းဆိုခြင်းသာ ဖြစ် ကြောင်း ပြောသည်။

‘‘ကျွန်တော်တို့က လာပါလို့ ခေါ်တာ မဟုတ်ဘူး။ လုပ်ငန်းရှင် တွေကို ခေါ်လာတယ်။ လုပ်ငန်း ရှင်တွေကလည်း ကိုယ့်သယံဇာတအပေါ် သစ္စာရှိဖို့လိုတယ်။စည်းကမ်းနဲ့မညီလို့ ခွင့်မပြုချင်ပေမယ့် လုပ်ငန်းသဘောအရ ငါးအဖွဲ့ချုပ်သဘောထားကို မေးမြန်းတာပါ’’ ဟု ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

သတ်မှတ်စည်းကမ်းမလိုက် နာသောကြောင့် ဥရောပသမဂ္ဂက ငါးဖမ်းခွင့် ပိတ်ပင်ထားသော ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းသင်္ဘော များဖြင့် ငါးဖမ်းရန်စီစဉ်နေ၍ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ် ကိုင်သူများအသင်းကလည်း ကန့် ကွက်ထားသည်။

‘‘အရင်ဝန်ကြီးဦးအုန်းမြင့် လက်ထက်ကတည်းက တင်ခဲ့ တာမှန်ပါတယ်။ ဟိုတစ်နေ့က တောင် နေပြည်တော်က အဲဒီကိစ္စ ကျွန်တော့်ကို လှမ်းမေးသေး တယ်’’ဟုကေအင်န်ယူတပ်မဟာ (၇)စီးပွားရေးတာဝန်ခံ စောမိုး ဇက်ကပြောသည်။

‘‘ကျွန်တော်တို့ ဒီဟာတွေ လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ ဒေသတွေမှာ ဖွံ့ဖြိုးဖို့၊ ကျွန်တော် တို့ ပြည်သူတွေ အလုပ်အကိုင် တွေရှာဖွေဖန်တီးပေးဖို့၊ အဲဒီမှာ သူတို့ရဲ့ ဘဝတွေ အလုပ်အကိုင် တွေ ထိုက်သင့်သလောက်ရပြီး တော့ သူတို့ဘဝ မြှင့်တင်ပေးဖို့ ဒါတွေအတွက် ဖြစ်ပါတယ်။ ဒေသတွေဖွံ့ဖြိုးဖို့ လိုပါတယ်။ ဖွံ့ဖြိုးဖို့ဟာ တစ်စုံတစ်ရာတည် ငြိမ်မှုတွေရလာတဲ့အပေါ်မှာ ကျွန် တော်တို့ ဒါလုပ်ရမှာ ဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးကိုး။ အရေးကြီး တာက ကျွန်တော်တို့ လုပ်တဲ့ ဒေသဖွံ့ဖြိုးရေးဟာ ပြည်သူလူထု ရဲ့ ဘဝထိခိုက်နစ်နာမှုမရှိဘူးဆို ရင် ကျွန်တော်တို့ လုပ်ရမှာ ဖြစ်ပါ တယ်။ ဒါမှသာလျှင် ဒေသဖွံ့ဖြိုး မယ်။ ကျွန်တော်တို့ လူထုတွေ သူ တို့အလုပ်အကိုင်တွေ အစရှိ သဖြင့် ဖန်တီးပေးနိုင်မှာ ဖြစ်ပါ တယ်’’ဟု KNU ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဖဒိုမန်းငြိမ်း မောင်က စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာတွင် 7Day Daily အား ပြောသည်။

Sources; 7 Day News Journal

No comments:

Post a Comment