မြို့တွင်းပတ်ယာဉ်လိုင်းများ၏ ယာဉ်စီးခလျှော့ချထားသော်လည်း ယာဉ်နောက်လိုက်များက မလိမ့်တပါတ်ဖြင့် ယာဉ်စီးခ ပိုမိုကောက်ခံမှုများ ရှိနေ
ရန်ကုန်မြို့တွင်းပတ်လိုင်းကားများဖြစ်သည့် ယာဉ်လိုင်းအမှတ် ၅၆၊ ၅၇၊ ၅၈ ယာဉ်လိုင်းများအား ၁၀၀ ကျပ်သာ ကောက်ခံရန် Yangon Bus Service - YBS က ဇန်န၀ါရီ ၁၇ရက်ညပိုင်းက ပြောင်းလဲသတ်မှတ်လိုက်သော်လည်း မြို့တွင်းသို့ ပြေးဆွဲနေသော ယာဉ်အချို့မှာ မလိမ့်တပါတ်နည်းဖြင့် ၂၀၀ ကျပ် ကောက်ခံနေသေးသည်ကို တွေ့ရှိခဲ့ရသည်။
“တစ်ရာပါရင် တစ်ရာပေး။ နှစ်ရာပါရင် နှစ်ရာပေး”ဆိုကာ ယာဉ်စီးခကောက်ခံနေပြီး သတ်မှတ်ယာဉ်စီးခကို ယာဉ်နောက်လိုက်အချို့က လုံးဝထုတ်ဖော်ပြောကြားခြင်းမရှိပေ။
သခင်မြပန်းခြံကားဂိတ်၌ ခရီးသည်က ယာဉ်နောက်လိုက်အား ယာဉ်စီးခမေးမြန်းရာတွင် နှုတ်ဖြင့်ပြန်လည်ဖြေကြားခြင်းမရှိပဲ လက်ညှိုးတစ်ချောင်းထောင်ပြကာသာ ဖြေကြားပြီး “ပိုက်ဆံမပါရင်လည်း လာစီးသွား။ ကားခလာမေး မနေနဲ့”ဟု
ပြည်လည်ပြောဆိုနေသံကိုလည်း မြင်တွေ့ကြားသိခဲ့ရသည်။
Yangon Bus Service - YBS က ဇန်န၀ါရီ ၁၇ ရက်ညပိုင်းက ရန်ကုန်မြို့တွင်းပတ်ယာဉ်လိုင်းများ၏ ယာဉ်စီးခများကို ၁၀၀ကျပ်သို့ ပြောင်းလဲသတ်မှတ်ထားကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ကြေညာထားသော်လည်း ခရီးသွားပြည်သူအများစုမှာ မသိရှိကြသေးပေ။
Sources: NewsWatch
Wednesday, January 18, 2017
မြို့တွင်းပတ်ယာဉ်လိုင်းများ၏ ယာဉ်စီးခလျှော့ချထားသော်လည်း ယာဉ်နောက်လိုက်များက မလိမ့်တပါတ်ဖြင့် ယာဉ်စီးခ ပိုမိုကောက်ခံမှုများ ရှိနေ
မြို့တွင်းပတ်ယာဉ်လိုင်းများ၏ ယာဉ်စီးခလျှော့ချထားသော်လည်း ယာဉ်နောက်လိုက်များက မလိမ့်တပါတ်ဖြင့် ယာဉ်စီးခ ပိုမိုကောက်ခံမှုများ ရှိနေ
Reviewed by Ar Ti
on
12:58 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment