Latest News

Tuesday, January 10, 2017

ယာဉ်ထိန်းရဲကို ဓားဖြင့်ထိုးသတ်သော ဆရာဝန် ညီအစ်ကိုနှစ်ဦးကို အမိန့်ချ

ယာဉ်ထိန်းရဲကို ဓားဖြင့်ထိုးသတ်သော ဆရာဝန် ညီအစ်ကိုနှစ်ဦးကို အမိန့်ချ

မန္တလေး၊ ဇန်နဝါရီ ၁၀

တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ဆရာဝန် ညီအကိုနှစ်ဦးကို မန္တလေးခရိုင် တရားရုံးက လူသတ်မှုပုဒ်မ ၃ဝ၂ (၂) ဖြင့် ဇန်နဝါရီလ ၁ဝ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် ပြစ်ဒဏ်များ ချမှတ်လိုက်သည်။

ဒေါက်တာလှစိုးထွန်းကို ပုဒ်မ ၃ဝ၂ (၂) အရ အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ်၊ ညီဖြစ်သူ လှမျိုးထွန်းကို ပုဒ်မ ၁၁၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

မန္တလေးကျုံး အရှေ့ဘက် ၁၉ လမ်း မီးပွိုင့်တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာ၂၄ ရက်က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ စစ်ဆေးရာ လိုင်စင်မပါသဖြင့် ဒဏ်ကြေးဖြတ်ပိုင်းဖြတ်ရန် ပြောဆိုစဉ် ၎င်းအမျိုးသားက အစ်ကိုဖြစ်သူကို ပြန်လည်ခေါ်ဆောင်ခဲ့ပြီး စကားများရာမှ ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

Sources; သတင်း & ဓာတ်ပုံ - မောင်သန့်/The Voice

No comments:

Post a Comment