Latest News

Sunday, January 1, 2017

လွတ်လပ်စွာ မဲပေးရွေးချယ်ခွင့်ရရှိရေး ဟောင်ကောင်မှာ ဆန္ဒပြ။

လွတ်လပ်စွာ မဲပေးရွေးချယ်ခွင့်ရရှိရေး ဟောင်ကောင်မှာ ဆန္ဒပြ။

ဇန်န၀ါရီလ-၁ ရက်နေ့က တရုတ်နိုင်ငံ ဟောင်ကောင်ကျွန်းမှာ လွတ်လပ်စွာမဲပေးခွင့်ရရှိရေးအတွက် လူထောင်နဲ့ချီ လမ်းပေါ်ထွက်ဆန္ဒပြပြီး တောင်းဆိုခဲ့ကြပါတယ်။

လာမဲ့ မတ်လမှာ ဟောင်ကောင်ကျွန်း အမှုဆောင်အရာရှိချုပ်သစ်ကိုရွေးချယ်ဖို့ရှိပြီး လက်ရှိခေါင်းဆောင် လျောင်-ချွန်းရီက သူပြန်အရွေးမခံတော့ဘူးလို့ ကြေငြာထားပါ တယ်။

ဆန္ဒပြပွဲမှာပါဝင်နေတဲ့ THE CIVIL HUMAN RIGHTS FRONT-အဖွဲ့ဝင်တစ်ဦးက “ နှစ်သစ်မှာ အမှုဆောင်အရာရှိချုပ်ကို ကိုယ်တိုင်ရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲပုံစံကို ပြန်လည်ပြုပြင်ပြီး မှန်ကန်တဲ့ ကမ္ဘာလုံးဆိုင်ရာ မဲပေးခွင့်တွေ သူုတို့ကို ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ”ပြောပြသွားပါတယ်။

ဆန္ဒပြသူနောက်တစ်ဦးကလည်း “ ဟောင်ကောင်မှာ ပြဿနာတွေ အများကြီးရှိနေတယ်ဆိုတာကို ပြသဖို့၊ ဒါကို ကန့်ကွက်ဖို့နဲ့ သူ့ရဲ့အတွေးတွေကို မျှဝေဖို့ အခုလို ဆန္ဒပြတာဖြစ်ကြောင်း  ”ပြောပြသွားပါတယ်။

လွှတ်တော်အမတ်တစ်ဦးကတော့ “အစိုးရက လူတွေရဲ့အခွင့်အရေးတွေကို ဖယ်ရှားနေတာကို လူတွေခံစားရမှာ သူကြောက်ကြောင်း၊ သူတို့ဘာလုပ်ရမှန်းမသိတာကြောင့်-လမ်းပေါ်ထွက်လာပြီး ကန့်ကွက်တာဖြစ်ကြောင်း၊ အနာဂါတ်မှာ အစိုးရရဲ့လုပ်ရပ်ကို ဘယ်လောက်စိတ်ဆိုး တယ်ဆိုတာပြသဖို့  လူထောင်သောင်းချီပြီး ထပ်မံကန့်ကွက်လာလိမ့်မယ်လို့ သူမျှော်လင့်ကြောင်း” ပြောကြားသွားပါတယ်။

 ဗြိတိသျှကိုလိုနီလက်အောက်မှာ နှစ်ပေါင်းများ စွာနေခဲ့တဲ့ ဟောင်ကောင်ကို တရုတ်ပြည်မကြီးဆီ ပြန်ပေးအပ်စဉ်က "one country, two systems" တရုတ်တစ်နိုင်ငံထဲမှာဘဲ စနစ်-၂ မျိုးနဲ့အုပ်ချုပ်ပါ့မယ်ဆိုတဲ့ သဘောတူ ညီချက်နဲ့ လွှဲအပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသဘောတူညီချက်အရ ဟောင်ကောင်ကျွန်းသားတွေဟာ လွတ်လပ်ခွင့်အပြည့်ရပြီး ကြီးမားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးတွေ ရရှိရမှာဖြစ်ပါတယ်။

လက်တွေ့မှာတော့ ဟောင်ကောင်ကျွန်းအုပ်ချုပ်ရေးမှုးကို ဒေသခံတွေကိုယ်တိုင် လွတ်လပ်စွာရွေးချယ်ခွင့်မရဘဲ တရုတ်ပြည်မကြီးရဲ့လွှမ်းမိုးမှုတွေ အများကြီးပါဝင်နေကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Sources;Aye Aye Mon DVB Journalist

No comments:

Post a Comment