Latest News

Monday, January 9, 2017

ငယ်စဉ်က အလွန်ဆင်းရဲခဲ့တဲ့ နာမည်ကျော် ဘောလုံးသမား (၇) ဦး

ငယ်စဉ်က အလွန်ဆင်းရဲခဲ့တဲ့ နာမည်ကျော် ဘောလုံးသမား (၇) ဦး

နာမည်ကျော်မဖြစ်ခင်မှာ ဆင်းရဲတဲ့ဘဝကို ဖြတ်သန်းခဲ့ရသူတွေပါ။
     
ဆင်းရဲနွမ်းပါးတဲ့ ဘဝကနေ အောင်မြင်သူတစ်ဦးဖြစ်လာဆိုတဲ့ ဘဝဇာတ်ကြောင်းတွေဟာ ဘောလုံးလောကမှာလည်း ပြောစမှတ် တွင်ရလောက်အောင် ရှိခဲ့ဖူးပါတယ်။ ဘောလုံးလောကမှ ထိတ်ထိတ်ကြဲအောင်မြင်လာမှ လူသိများလာခဲ့ပေမယ့် အချို့ကြယ်ပွင့် ဘောလုံးသမားတွေဟာ ငယ်စဉ်ဘဝမှာ အလွန်ဆင်းရဲခဲ့သူတွေပါ။

၁။ မာရာဒိုနာ

အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား  ချန်ပီယံဖြစ်ခဲ့တဲ့ မာရာဒိုနာဟာ ငယ်စဉ်တုန်းက မပြည့်စုံတဲ့မိသားစုက ပေါက်ဖွားလာသူ ဖြစ်ပါတယ်။ မိသားစုမှာ မွေးချင်း ၇ ယောက်နဲ့အတူ သေးငယ်တဲ့ အိပ်ခန်းတစ်ခန်းထဲ အိပ်ခဲ့ရသူဖြစ်ပါတယ်။

၂။ ဗစ်တာ မော့ဆက်

နောင်တစ်ချိန်မှာ ရုပ်ရှင်တောင် ပြန်ရိုက်လို့ရတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ မော့ဆက်ဟာ နိုင်ဂျီးယားမှာ မွေးဖွားခဲ့သူဖြစ်ပြီး မိဘနှစ်ပါးလုံး အသက်ခံရတဲ့အတွက် ၁၁ နှစ်အရွယ်မှာ လန်ဒန်ရောက်လာခဲ့သူပါ။ ၂၀၁၂ ခုနှစ်မှာ ဝီဂန်ကတဆင့် ချယ်လ်ဆီးကို ရောက်ရှိလာတဲ့ ဘောလုံးသမား ဖြစ်ပါတယ်။

၃။ ရောဘတ်တိုကားလို့စ်

ဘရာဇီးနိုင်ငံ ဆော်ပေါ်လို့မြို့နဲ့ကပ်ရပ် ဂါကာဆိုတဲ့မြို့ကလေးမှာ နေထိုင်ခဲ့ရသူဖြစ်ပါတယ်။ ကားလို့စ်ရဲ့မိဘနှစ်ပါးဟာ ကော်ဖီဆိုင်လေး တစ်ခုရဲ့ ဝန်ထမ်းတွေဖြစ်ခဲ့လို့ ငယ်စဉ်မှာ ချို့တဲ့ခဲ့ရပါတယ်။

၎။ ဘီဘီ

ဘီဘီရဲ့ ဖြစ်ရအင်ကတော့ ထူးဆန်းပါတယယ်။ ပေါ်တူဂီလမ်းမထက် အပျော်တမ်းဘောလုံးပွဲတွေကနေ ကမ္ဘာ့ထိပ်သီးအသင်း မန်ယူကို ချက်ခြင်းရောက်လာခဲ့တာပါ။ ဒါပေမယ့် အခုတော့ ထိပ်သီးဘောလုံးလောကကနေ ပြန်ပျောက်ကွယ်သွားပါပြီ။ ဘီဘီဟာ ငယ်စဉ်မှာ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး ဘုရားကျောင်းက မွေးစားခဲ့သူဖြစ်ပါတယ်။

၅။ အီရန်ရိုက်

တစ်ချိန်မှာ အာဆင်နယ်အသင်းရဲ့ ဂိုးအများဆုံးသွင်းသူ ကစားသမားဖြစ်လာမယ့် အီရန်ရိုက်ဟာ စက်ရုပ်လုပ်သားဖြစ်ခဲ့တဲ့အပြင် ထောင်လည်းကျခဲ့ဖူးသူပါ။ အပျော်တမ်းအသင်းတွေမှာ ဘောလုံးကစားနေတဲ့ အီရန်ရိုက်ကို ခရစ္စတယ်ပဲလေ့စ်အသင်းက တွေ့ရှိပြီး ဘောလုံးစင်မြင့်ကို တင်ပေးလိုက်တာဖြစ်ပါတယ်။

၆။ ရီဗယ်ဒို

နောင်တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရခဲ့တဲ့ ရီဗယ်ဒိုဟာ ငယ်စဉ်က ဆင်းရဲလွန်းလို့ အာဟာရပြည့်အောင် မစားခဲ့ရပါဘူး။

အာဟာရမပြည့်လို့ ပိန်လှီခဲ့ရတဲ့ ရီဗယ်ဒိုဟာ ဘောလုံးသမားတစ်ဦးနဲ့မတူအောင်ကို ခန္ဓာကိုယ်က ပိန်လွန်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အေစီမီလန်၊ ဘာစီလိုနာအသင်းတို့ ကြယ်ပွင့်ကစားသမား ဖြစ်လာပါတော့တယ်။

၇။ ပီလီ

ဘောလုံးလောကနဲ့ ပတ်သတ်သူတိုင်း သိကြတဲ့ ပီလီဟာ ငယ်ငယ်က ဘောလုံးကန်ဖိနပ်တောင် မဝယ်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘောလုံးကိုလည်း မဝယ်နိုင်လို့ ဂရိတ်ဖရုသီးကို ဘောလုံးလို လုပ်ကာ ကန်ခဲ့ရပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမား မဖြစ်ခင်တုန်းက အပိုဝင်ငွေရဖို့ ကော်ဖီဆိုင်မှာ အောက်ခြေသိမ်းအလုပ်တွေ လုပ်ခဲ့ရပါတယ်။

Source : 90min : Duwun

No comments:

Post a Comment