Latest News

Monday, January 2, 2017

အင်္ကျီရောင်းပြီး ပရဟိတအလှူလုပ်မယ့် စန္ဒီမြင့်လွင်

အင်္ကျီရောင်းပြီး ပရဟိတအလှူလုပ်မယ့် စန္ဒီမြင့်လွင်

Queen ဒီဗီဒီဖြန့်ချိ သည့် အမှတ်တရအနေဖြင့် ပရ ဟိတအလှူပြုလုပ်ရန် Queen အမှတ်တံဆိပ်နှင့် အင်္ကျီများကို အရေအတွက်အကန့်အသတ်ဖြင့် ရောင်းချပေးရန် အစီအစဉ်ရှိ ကြောင်း စန္ဒီမြင့်လွင်က ပြောကြား သည်။

‘‘အခွေရောင်းလို့ရလာတဲ့ အမြတ်ကို ပရဟိတလုပ်ချင်ပေ မယ့် အခွေရောင်းရတာနဲ့ ဒီးဒီတို့ ရိုက်ထားတာတွေက ပြန်ပြီး အ မြတ်အစွန်းမရတာတွေရှိတယ်။ အခုဆိုပိုဆိုးတာက အွန်လိုင်းက နေ ဗီဒီယိုတွေရှယ်ကြတယ်။ ဒေါင်း လုတ်တွေ လုပ်ကြတယ်ဆိုတော့ ဒီးဒီတို့အတွက် အများကြီးနစ်နာ တာရှိတယ်။ အဲဒီအတွက် တစ်ခု စဉ်းစားတယ်။ Queen အခွေထွက်မယ့် အမှတ်တရအနေနဲ့ Queen အမှတ်တံဆိပ်နဲ့ အင်္ကျီတွေကို ချုပ်ပြီးရတဲ့ အမြတ်အစွန်းတွေကို ပရ ဟိတအနေနဲ့ ကလေးသူငယ်တွေ၊တခြား HIV/AIDS ရောဂါခံစား နေရတဲ့ ကလေးငယ်တွေကို လှူ ဒါန်းသွားမယ်’’ဟု ၎င်း၏ ပရဟိတအစီအစဉ်အကြောင်းကို ပြောသည်။

ယင်းအမှတ်တံဆိပ်အင်္ကျီ များကို Queen ဒီဗီဒီစတင်ဖြန့်ချိ မည့် ဇန်န၀ါရီ ၇ ရက်တွင် ရောင်းချပေးမည်ဖြစ်ပြီး တစ်ထည်လျှင် ကျပ်တစ်သောင်းခွဲဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ဒီဟာကို စီးပွားရေးအနေနဲ့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ နောက်ပြီး အမြဲတမ်းလည်းလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒီးဒီအမှတ်တရအ နေနဲ့ ကြုံတဲ့အချိန်၊ ပရဟိတလုပ် ချင်စိတ်ဖြစ်လာတဲ့အချိန်မှာ ထုတ်ရောင်းဖြစ်မှာ ဖြစ်ပါတယ်။ အခု လည်း အများကြီးထုတ်မထားပါ ဘူး။ လိုချင်လို့ အော်ဒါတွေအများကြီးထပ်မှာရင်တော့ လုပ်ဖြစ်ပါ မယ်။ အဓိကကတော့ အလှူလုပ် ချင်လို့ပါ’’ဟု စန္ဒီမြင့်လွင်က ပြောကြားသည်။

စန္ဒီမြင့်လွင်၏ စတုတ္ထမြောက်တစ်ကိုယ်တော်အခွေ Queen ဒီဗီဒီ ကို ဇန်န၀ါရီ ၇ ရက်တွင် ဖြန့်ချိ ပေးမည်ဖြစ်ကာ ယင်းနေ့ ညနေ ၌ Junction Square အပြင်ဘက် ဧရိယာ၌ ပရိုမိုးရှင်းပွဲပြုလုပ်မည်ဖြစ်ပြီး ဇန်န၀ါရီ ၈ ရက်၌ မန္တလေးမြို့ Amazing Shopping Mall အပြင်ဘက်ဧရိယာ၌ ပရိုမိုးရှင်းပွဲပြုလုပ်မည် ဖြစ်သည်။

Sources; 7Day

No comments:

Post a Comment