Latest News

Monday, January 9, 2017

ရန်ကုန်တိုင်းထဲက ကျူးကျော်တွေကို အမျိုးစားနှစ်ခုခွဲမယ်

ရန်ကုန်တိုင်းထဲက ကျူးကျော်တွေကို အမျိုးစားနှစ်ခုခွဲမယ်

အခွင့်အရေးပေးမယ့် ကျူးကျော်သူတွေနဲ့ အရေးယူရမယ့် ကျူးကျော်တွေဆိုပြီး ခွဲခြားသွားမှာပါ။
     
ရန်ကုန်တိုင်းဒေသကြီးထဲက ကျူးကျော်နေထိုင်သူတွေရဲ့ စာရင်းတွေအားလုံးကို ကောက်ယူပြီးရင် အခွင့်အရေးပေးမယ့် ကျူးကျော်သူတွေနဲ့ အရေးယူရမယ့် ကျူးကျော်တွေဆိုပြီး အမျိုးအစားနှစ်မျိုး ခွဲခြားသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။

ကျူးကျော်တွေအားလုံးရဲ့စာရင်းကောက်ခံပြီးရင် အမှန်တကယ် နေစရာမရှိလို့ ကျူးကျော်မယ့်သူတွေကို အခွင့်အရေးပေး သွားမှာဖြစ်ပြီး ကျူးကျော်တွေအဖြစ်သတ်မှတ်သွားမှာဖြစ်ကာ နောက်ပိုင်းမှာ နေရာချထားပေးရေးကို ဦးစားပေးစဉ်းစားမှာဖြစ်ပြီး နေစရာနဲ့ အလုပ်အကိုင်တွေရှိပြီး စီးပွားဖြစ်ကျူးကျော်တွေဖြစ်ရင် ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စာရင်းကောက်ယူတာတွေရဲ့ ရှေ့ပြေးစီမံချက်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၁၃ မြို့နယ်မှာ ဆောင်ရွက်နေပြီး အဆိုပါစီမံချက် ပြီးစီးရင် ကောက်ယူထားတဲ့  အချက်အလက်တွေ မှန်ကန်မှုရှိ၊ မရှိစစ်ဆေးမယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး အမျိုးအစား နှစ်မျိုးခွဲခြားသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ စာရင်းကောက်ယူရေး ရှေ့ပြေးစီမံချက်အနေနဲ့ မြို့နယ် ၁၃ မြို့နယ်ထဲက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ စာရင်းကောက်ယူမှု ပြီးစီးထားပြီး လောလောဆယ်မှာတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာ ကာက်ယူနေပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပ၊ သာကေတ၊ မရမ်းကုန်း၊ အလုံ၊ ကျောက်တန်း၊ သန်လျင်၊ ဒလမြို့နယ်တို့မှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source : Xinhua

No comments:

Post a Comment