Latest News

Sunday, January 15, 2017

မိုးကုတ်မှာ ယခင်နှစ်တွေထက်ပိုအေးပြီး ရေများ ခဲနေ

မိုးကုတ်မှာ ယခင်နှစ်တွေထက်ပိုအေးပြီး ရေများ ခဲနေ

ရေပုံးထဲကရေတွေ ခဲတဲ့အထိ အေးတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ရေခဲတဲ့အထိ နှစ်ရက်ဆက်အေးနေပြီး ယခင်နှစ်တွေထက် အအေးပိုနေတယ်လို့ သိရပါတယ်။

ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃,၈၅၈ ပေမှာ ရှိနေတဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ဇန်န၀ါရီ ၁၄ နဲ့ ၁၅ ရက်အတွင်း  ရေခဲတဲ့အထိ အေးနေတာ ဖြစ်ပါတယ်။

ခေါင်မိုးတွေပေါ်မှာ ရေတွေခဲကုန်ပြီး တော်တော်လေးကိုအေးကာ နေ့ခင်း ၁၂ နာရီ၊ ၁ နာရီအထိ အအေးမပြယ်ဘူးလို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။

မိုးကုတ်မြို့ အနောက်ပိုင်းကျတဲ့ ဒေသတွေမှာ မြို့ပေါ်ထက် ပိုအေးပြီး ရေပုံးထဲကရေတွေ ခဲတဲ့အထိ အေးတယ်လို့ သိရပါတယ်။

ဒေသခံတွေက မိုးကုတ်မြို့မှာ ရေခဲမှတ်အောက် ရောက်တဲ့အထိ အေးနေကြောင်း ပြောကြပေမဲ့ မိုးလေ၀သနှင့် ဇလဗေဒ  ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇန်န၀ါရီ ၁၅ ရက်မှာ ၃ ဒီဂရီစင်တီဂရိတ် ရှိခဲ့ ကြောင်း ဖော်ပြထားပါတယ်။

Source: 7Day Daily: Duwun
Photos: Hlaing Khon (Facebook)

No comments:

Post a Comment