Latest News

Tuesday, January 17, 2017

မြေယာသိမ်းမှု ပြဿနာတွေကို သုံးနှစ်အတွင်း အပြီးပြတ်ဖြေရှင်းမယ်လို့ ဦးဖြိုးမင်းသိန်းပြော

မြေယာသိမ်းမှု ပြဿနာတွေကို သုံးနှစ်အတွင်း အပြီးပြတ်ဖြေရှင်းမယ်လို့ ဦးဖြိုးမင်းသိန်းပြော

လယ်ယာမြေနဲ့ မြေလွတ်၊ မြေရိုင်းတွေ ရယူထားတဲ့ ကုမ္ပဏီတွေဟာ  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှု အားနည်းချက်တွေ ရှိနေတာကို တိုင်းဒေသကြီး အစိုးရအနေနဲ့ စိုက်ပျိုးလုပ်ကိုင်ဖို့ တွန်းအားပေးသွားမှာ ဖြစ်တယ်။

ရန်ကုန်တိုင်းက မြေယာသိမ်းဆည်းမှု ပြဿနာတွေကို အစိုးရသက်တမ်း သုံးနှစ်အတွင်း အပြီးဖြေရှင်းဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
 မြေသိမ်းယာသိမ်းပြဿနာတွေကို သုံးနှစ်အတွင်း အပြီးပြတ်အောင်လုပ်ဆောင်ဖို့ တိုင်းအစိုးရအနေနဲ့ လျာထားပြီး ဒီပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရာမှာလည်း အစိုးရအမြင်၊ ၀န်ကြီးဌာနအမြင်၊ ပြည်သူလူထု အမြင်တွေကို ပေါင်းစပ်လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိရန်ကုန်တိုင်းမှာ လယ်ယာမြေနဲ့ မြေလွတ်၊ မြေရိုင်းတွေ ရယူထားတဲ့ ကုမ္ပဏီတွေဟာ  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှု အားနည်းချက်တွေ ရှိနေတာကို တိုင်းဒေသကြီး အစိုးရအနေနဲ့ စိုက်ပျိုးလုပ်ကိုင်ဖို့ တွန်းအားပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြေတန်ဖိုးကြီးမြင့်လာတာ၊ မြေဈေးကစားလိုသူတွေနဲ့ ငွေကြေးခ၀ါချလိုသူတွေက ဈေးနှုန်းတိုးမြှင့်ပေးပြီး လယ်ယာမြေ  ၀ယ်ယူရင်းနှီးမြှုပ်နှံမှုကြောင့် လယ်သမားတွေက လယ်ယာလုပ်ငန်းခွင်မှ စွန့်ခွာရမှုတွေရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

Photo: Source: 7Day Daily: Duwun: ဖြိုးမင်းသိန်း

No comments:

Post a Comment