Latest News

Sunday, January 15, 2017

ဘစ်ဒက်ရှ်ထံမှ သင်ယူလေ့လာခွင့် များစွာရခဲ့ဟု အောင်လအန်ဆိုင်း ပြော

ဘစ်ဒက်ရှ်ထံမှ သင်ယူလေ့လာခွင့် များစွာရခဲ့ဟု အောင်လအန်ဆိုင်း ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်လုပွဲတွင် ရုရှားနိုင်ငံသား ဗစ်ဒက်ရှ်ကို ရှုံးနိမ်ခဲ့သော်လည်း ၎င်းထံမှ သင်ယူလေ့လာခွင့် များစွာရခဲ့ကြောင်း အောင်လအန်ဆိုင်းက ပြောကြားသည်။

အဆိုပါ ရွှေခါးပတ် ချန်ပီယံလုပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဂျကာတာကွန်ဗင်းရှင်း စင်တာတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အောင်လအန်ဆန်း အနေနှင့် ရုရှားလက်ဝှေ့သမား ဘစ်ဒက်ရှ်၏ အသာစီး ထိုးသတ်မှုကို ခံခဲ့ရကာ ငါးချီပြည့် ယှဉ်ပြိုင်ခဲ့ပြီး အမှတ်ဖြင့် ရှုံနိမ့်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ရဲ့ ပရိသတ်တွေအတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ မျှော်လင့်ထားသလို မဖြစ်လာတဲ့အတွက် အားလုံးကို တောင်းပန်ပါတယ်။ အခုပွဲက ကျွန်တော့်အတွက် အချိန်ယူ ပြင်ဆင်ချိန် အများကြီး မရခဲ့ပါဘူး။ လေ့ကျင့်မှု ပြုလုပ်တဲ့ အခါတွေမှာ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ပြီး ပိုသန်မာစွာနဲ့ ပြန်လာပါ့မယ်” ဟု အောင်လအန်ဆိုင်းက ပြောကြားသည်။

Quest For Power ဟု အမည်ပေးထားသည့် ယင်းပွဲတွင် အောင်လအန်ဆိုင်းသည် လက်ရှိ ရွှေခါးပတ်ချန်ပီယံ ဗစ်တာလီဘစ်ဒက်ရှ်ကို အသာရရှိအောင် ထိုးသတ်နိုင်ခဲ့ခြင်း မရှိသည့်အပြင် ဘစ်ဒက်ရှ်၏ လက်သီးထိုးချက်များကြောင့် အောင်လအန်ဆိုင်း အနေနှင့် မျက်နှာတွင် ဒဏ်ရာများစွာ ရရှိခဲ့ကာ ငါးချီအပြည့် ထိုးသတ်နိုင်ခဲ့သော်လည်း ဘစ်ဒက်ရှ်ထံမှ ချန်ပီယံဆုကို လုယူနိုင်ခဲ့ခြင်း မရှိဘဲ အရှုံးပေးခဲ့ရသည်။

လက်ရှိချန်ပီယံ ဘစ်ဒက်ရှ်သည် ၎င်းထိုးသတ်ခဲ့သည့် ကိုးပွဲတွင် ကိုးပွဲစလုံး အနိုင်ရခဲ့ကာ ပထမဆုံးအကြိမ် ချန်ပီယံဆု ကာကွယ်ပွဲတွင်လည်း ထပ်မံအနိုင်ရခဲ့သူ ဖြစ်သည်။

အောင်လအန်ဆိုင်း အနေနှင့်  ချန်ပီယံကို ပထမဆုံးအကြိမ် စိန်ခေါ်ထိုးသတ်ခဲ့သည့် ပွဲတွင် ရှုံးနိမ်ခဲ့ခြင်း ဖြစ်ပြီး ၁၀ ပွဲမြောက် ရှုံးနိမ့်ခဲ့ခြင်းလည်း ဖြစ်လာခဲ့သည်။

Sources; The Voice

No comments:

Post a Comment