Latest News

Sunday, January 15, 2017

"ဘတ်စ်ကားကျပ်သဖြင့် အမျိုးသမီးတစ်ဦးမူးမေ့သတိလစ်မှုဖြစ်"

"ဘတ်စ်ကားကျပ်သဖြင့် အမျိုးသမီးတစ်ဦးမူးမေ့သတိလစ်မှုဖြစ်"

ဓာတ်ပုံ - သန်းဌေး

အများပိုင်ယာဉ်လိုင်းများ စတင်ပြေးဆွဲသော ယနေ့(ဇန်နဝါရီ ၁၆)
နံနက်တွင် ကားကျပ်သဖြင့် ဘတ်စ်ကားပေါ်၌ အမျိုးသမီးငယ်တစ်ဦး မူးမေ့သတိလစ်ခဲ့သည်။အများပိုင် ဘတ်စ်ကားလိုင်းများ စတင် ပြေးဆွဲနေပါသည်။

ယနေ့ နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က အသက် ၂၀ အရွယ် မပန်ပန်ဆိုသော အမျိုးသမီးငယ်သည် သမိုင်းဘုရားလမ်း မှတ်တိုင်မှ အမှတ် ၃၉ လိုင်းပေါ်သို့တက်ကာ အနောက်ဘက် ခုံတန်း၌ လိုက်ပါစီးနင်းရာ လှည်းတန်းမှတ်တိုင် အရောက် ကားပေါ်တွင် မူးမေ့သတိလစ်သွားခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးကို ဘတ်စ်ကားယာဉ်နောက်လိုက်မှ ဘီးပေါ်မှတက်ကာ ဆွဲပွေ့ချီထုတ်ပြီး YBSအတွက် အကူအညီပေးသူများထံ အပ်နှံခဲ့သည်။

စေတနာ့ဝန်ထမ်း အမျိုးသမီးငယ်လေးများက မူးမေ့လဲကျသူအား သတိပြန်ရရန် ပြုစုစောင့်ရှောက်ပေးပြီး အလုပ်သို့ ဖုန်းဆက်ပေးကာ
 အိမ်အရောက်ပြန်ပို့ပေးနေကြောင်း သိရသည်။အများပိုင် ဘတ်စ်ကားပေါ်တွင် မူးမေ့သတိလစ်သူ အမျိုးသမီးအား ယာဉ်နောက်လိုက်မှ ပွေ့ချီကာ ပြတင်းပေါက်မှ သယ်ယူလာစဉ်။

Soueces; 7 Day News Journal

No comments:

Post a Comment