အချုပ်အချာအာဏာပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် တရုတ်က လုံးဝအလျော့ပေးမှာမဟုတ်ကြောင်း သမ္မတ-ရှီကျင်းပင် နှစ်သစ်မှာပြောကြား။
တရုတ်နိုင်ငံဟာ အချုပ်အချာနယ်မြေပိုင်ဆိုင်မှုနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာအခွင့်အရေးတွေကို ဘယ်အကြောင်းနဲ့မှ အလျော့ပေး၊ လိုက်လျောမှာ မဟုတ်ဘူးလို့ တရုတ်သမ္မတက သူ့ရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာ အလေးထားပြောဆိုလိုက်ပါတယ်။
ငြိမ်းချမ်းရေးကို တည်ဆောက်ရင်း အချုပ်အခြာနယ်မြေပိုင်ဆိုင်ခွင့်ကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်။ ဒါနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူတွေမှာ အမြင်သဘောထား ၂ ခုမရှိဘူးလို့ သမ္မတ ရှီ-ကျင်းပင်က ပြောပါတယ်။
နိုင်ငံတွင်းမှာတော့ ကွန်မြူနစ်ပါတီတွင်း အဂတိလိုက်စားမှုကို ပြတ်ပြတ်သားသားနှိမ်နှင်းခဲ့တာကြောင့် နိုင်ငံတွင်း အဂတိလိုက်စားမှုပိုင်းမှာ တိုးတက်မှုရှိလာတယ်လို့လည်း သမတ ရှီ-ကျင်းပင်က ဆိုပါတယ်။
နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်တွေနဲ့ မတော်တဆမှုကြီးတွေဖြစ်ခဲ့တယ်ဆိုတာကိုလည်း သမ္မတက ၀န်ခံပြောဆိုခဲ့ပြီး အဲ့ဒါနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကိုလည်း နောက်လည်း ဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့ပြောပါတယ်။
ဥပဒေစိုးမိုးမှုအတွက် ဆက်လက်ကြိုးပမ်းရင်း ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးကို ဆက်လက်ကြိုးပမ်းသွားမယ်လို့ သမ္မတက ဆိုပါတယ်။
အခုနှစ် ဒုတိယနှစ်ဝက်မှာ ကွန်မြူနစ်ပါတီကြီးရဲ့ ညီလာခံကျင်းပဖို့ရှိပြီး ထိပ်တန်းခေါင်းဆောင်အများအပြားကိုလည်း လူငယ်ခေါင်းဆောင်တွေနဲ့ အစားထိုးသွားဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံရေးလေ့လာသူတွေကြေေပြောပါတယ်။
Sources; Aye Aye Mon DVB Journalist
Sunday, January 1, 2017
အချုပ်အချာအာဏာပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် တရုတ်က လုံးဝအလျော့ပေးမှာမဟုတ်ကြောင်း သမ္မတ-ရှီကျင်းပင် နှစ်သစ်မှာပြောကြား။
အချုပ်အချာအာဏာပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် တရုတ်က လုံးဝအလျော့ပေးမှာမဟုတ်ကြောင်း သမ္မတ-ရှီကျင်းပင် နှစ်သစ်မှာပြောကြား။
Reviewed by Ar Ti
on
8:56 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment